စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 28 April 2014

"ငါ့ဘာသာအကြောင်း ပြောကိုမပြောရဘူးဆိုပါလား"

"ငါ့ဘာသာအကြောင်း ပြောကိုမပြောရဘူးဆိုပါလား"
*********************************************************
မြန်မာနိုင်ငံသည် အခြေခံအားဖြင့် သမိုင်းစဉ်ဆက် ဗုဒ္ဓဘာသာနိုင်ငံဖြစ်လာခဲ့သည်။ ဘိုးတော်မင်းတရားကြီး လက်ထက်လောက်မှစပြီး လူမျိုးခြား ဘာသာခြားတို့ သိသိသာသာ ဝင်ရောက်လာကြသည်။ မင်းတရားကြီးက ဗလီဆရာ ဦးနုအမည်ခံသူအား သင်တို့၏ ဘာသာအကြောင်း သံတော်ဦးတင်ရမည်ဟု အမိန့်တော်ချမှတ်၍ ထိုသူက သံတော်ဦးတင်ကျမ်းအမည်ဖြင့် အစ္စလာမ် ဘာသာအကြောင်းကို ဘုရင်မင်းမြတ်အား တင်လျှောက်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်နှင့် တကွ မှူးကြီးမတ်ရာများ ထိုဘာသာစိမ်းအကြောင်း အနည်းငယ် သိခဲ့ကြရသည်။
မြန်မာနိုင်ငံအတွင်းသို့ ဝင်လာကြသော လူမျိုးခြား ဘာသာခြားတို့သည် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွင်းသို့ သူတို့ဘာသာဝါဒကို တစ်ဘက်က သွတ်သွင်းကြရင်း တစ်ဘက်က ဗုဒ္ဓဘာသာအကြောင်းကို လေ့လာကြသည်။ အထူးသဖြင့် ပြောကွက်ဆိုကွက်တို့ကို ရှာကြသည်။ သို့သော် ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများစုကြီးမူကား မိမိနိုင်ငံတွင်းသို့ ထိုးဖောက် ဝင်ရောက် နေရာယူလာကြသော ဘာသာစိမ်း လူစိမ်းတို့၏ အကြောင်း ဂရုတစိုက် မလေ့လာကြချေ။ သိအောင် မလုပ်ခဲ့ကြချေ။ ပေါ့တီးပေါဆ နေလာခဲ့ကြသည်။ ထို့ကြောင့် ကိုယ့်အကြောင်းကို သူသိသော်လည်း သူ့အကြောင်းကို ကိုယ်မသိဖြစ်ခဲ့ကြသည်။
အစ္စလာမ်ဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းလာသူ ဆရာဦးဆန်းလွင်(ဦးအာဒိစ္စဝံသ)၊ ဟာဂျီဦးကိုကြီးစသူတို့က ကိုရမ်ကျမ်းနှင့်တကွ ဆိုင်ရာကျမ်းဂန်တို့ကို လေ့လာခြင်း၊ ထိုဘာသာစိမ်းလူကြီးတို့ကို ချဉ်းကပ်မေးမြန်းလေ့လာခြင်းဖြင့် အစ္စလာမ်ဘာသာအကြောင်း သိကောင်းစရာ အချို့ကို ဟောပြောခဲ့သည်။ သူ၏ ဟောပြောချက်တိပ်ခွေသည်လည်း အတော်ပျံ့နှံ့ခဲ့သည်။ သူ၏ ဟောပြောချက်ကိုလည်း သက်ဆိုင်ရာ ဘာသာစိမ်းပုဂ္ဂိုလ်တို့က မငြင်းဆန်နိုင်ကြချေ။
ဗုဒ္ဓဘာသာအကြောင်းကို လေ့လာကြပါ။ ပြောကြပါ။ရေးကြပါ။ ကျင့်ကြံအားထုတ်ကြည့်ကြပါဟု ဦးဇင်းတို့က လက်ယပ်ခေါ် လက်ကမ်းကြိုဆိုပါတယ်။ မှန်ကန်သော ဘာသာတရားဖြစ်၍ သိပ္ပံပညာရှင်တို့၏ စမ်းသပ်မှုကိုပင် ခံယူနိုင်လျက် ရှိနေသည်။ ထို့နည်းတူ တခြားဘာသာဝင်တို့ကလည်း မိမိတို့ဘာသာ မှန်ကန်သည်ဟု သက်ဝင်ယုံကြည်ထားလျှင် သူတစ်ပါး ဆန်းစစ်ဝေဖန်မှုကို ခံနိုင်ရပေမည်။ “မလိုချင်ဘူး” ငါ့ဘာသာအကြောင်း ပြောကိုမပြောရဘူး” ဟု တင်းတင်းမာမာ သဘောထားလျှင် တစ်မျိုး အဓိပ္ပါယ်သက်ရောက်သွားလိမ့်မည်ဖြစ်တော့၏။
မှန်ပေ၏။ ကိုယ့်အကြော်းကို သူသိနေလျှင် သူ့အကြောင်းကိုလည်း ကိုယ်ကသိအောင် လုပ်ရမည်မဟုတ်လော။ ဒါကို မလုပ်ထိုက်ဘူးဟု မည်သူက ဆုံးဖြတ်ပြောဆိုမည်နည်း။ တရားမျှတမှုနိယာမ သဘောဘက်က ကြည့်လျှင် ဘယ်သူကမျှ ဤသို့မပြောထိုက်ကြောင်း ထင်ရှားပါသတည်း။ သူတစ်ပါးဘာသာကို ဝေဖန်ချင်လျှင်တော့ ကိုယ့်ဘာသာကိုလည်း ဆန်းစစ်ခံရမည်ဖြစ်ပေသည်။
ငါ့ဘာသာအကြောင်းကို ပြောကိုမပြောရဘူးဆိုပါလျှင်တော့ မှန်ကန်သော ဘာသာပါလို့ ဘယ်သို့သော အချက်အလက်များဖြင့် သက်သေခံမည်နည်း။ မှန်ကန်သော ဘာသာလို့ ဘယ်လိုပြောမည်နည်း။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform