စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စံချိန်တင်ခဲ့ပြီးနောက် မက်သာဖက်တမင်း အန္တရာယ်ကို သြစတြေးလျ သတိပေး

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စံချိန်တင်ခဲ့ပြီးနောက် မက်သာဖက်တမင်း အန္တရာယ်ကို သြစတြေးလျ သတိပေး

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ မက်သာဖက်တမင်း ဆေးပြားများကို စစ်ဆေးနေသည့် သြစတြေးလျရဲများ (Photo:AFP)

တရားမ၀င် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှု ယမန်နှစ်က စံချိန်တင်ခဲ့ပြီးနောက် သြစတြေးလျက မက်သာဖက်တမင်း အန္တရာယ်ဆိုးကို ရင်ဆိုင်နေရကြောင်း ဧပြီ ၂၉ ရက်တွင် သတိပေးခဲ့သည်။

သြစတြေးလျ မှုခင်းကော်မရှင် (Australia Crime Commission) က အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ဂိုဏ်းများသည် မူးယစ်ဆေးပြဿနာ၏ ဗဟိုချက်ဖြစ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

“အစီရင်ခံစာမှာ အကျုံးဝင်တဲ့ ကာလအပိုင်းအခြားတစ်ခုမှာ မူးယစ်းဆေးဝါး အမျိုးအစား အားလုံးနီးပါးအတွက် တရားမ၀င် ဖမ်းဆီးရမိမှုတွေ စံချိန်တင်ခဲ့ပါတယ်” ဟု သြစတြေးလျ မှုခင်းကော်မရှင် ယာယီအမှုဆောင် အရာရှိချုပ် ပေါလ်ဂျက်တိုဗစ်က ပြောကြားခဲ့သည်။

သြစတြေးလျတွင် တရားမ၀င် မူးယစ်ဆေးသုံးစွဲမှုနှင့် မူးယစ်ဆေးမှရရှိသည့် အကျိုးအမြတ်များသည် နိုင်ငံဖြတ်ကျော် ရာဇ၀တ်အဖွဲ့များနှင့် တိုက်ရိုက်ဆက်နွှယ်နေပြီး ယင်းရာဇ၀တ် အဖွဲ့များသည် အကြီးစား ရာဇ၀တ်မှုများ၊ ခြစားမှုများနှင့် ငြိစွန်းနေကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်ထိ ဘဏ္ဍာရေးနှစ်အတွင်း တရားမ၀င် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၀၁,၇၄၉ မှု ရှိခဲ့ပြီး သိမ်းဆည်းရရှိမှု ၈၆,၉၁၈ မှုထိ စံချိန်တင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၆၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

သြစတြေးလျ၏ ကြွယ်ဝချမ်းသာမှုနှင့် သြစတြေးလျ ဒေါ်လာဈေးကောင်းမှုကြောင့် မူးယစ်မှောင်ခိုများက သြစတြေးလျနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါးများ စုပြုံတင်သွင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်းဂိုဏ်းများသည် တရားမ၀င် မူးယစ်ဆေးဝါးများအတွက် သြစတြေးလျတို့၏ ငွေကြေးတတ်နိုင်မှုကို သိရှိကြောင်း ACC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆေးခြောက်သည် သြစတြေးလျဈေးကွက်ကို လွှမ်းမိုးထားပြီး ကိုကင်းပျံ့နှံ့မှုနှင့် စိတ်ကြွမူးယစ်ဆေးဝါးများ သုံးစွဲမှုလည်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

Re:AFP

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform