စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

ကိုရီးယားနှစ်နိုင်ငံအကြား အငြင်းပွားရေပိုင်နက် နယ်စပ်အနီး မြောက်ကိုရီးယားက ကျည်အစစ်သုံးပြီး စစ်ရေးလေ့ကျင့်

ကိုရီးယားနှစ်နိုင်ငံအကြား အငြင်းပွားရေပိုင်နက် နယ်စပ်အနီး မြောက်ကိုရီးယားက ကျည်အစစ်သုံးပြီး စစ်ရေးလေ့ကျင့်

မတ် ၁၄ ရက်တွင် မြောက်ကိုရီးယားက အတည်မပြုနိုင်သည့်နေရာ၌ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်နေမှုကို မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက ထုတ်ပြန်ပေးခဲ့သော ဓာတ်ပုံ (Photo:AFP)

မြောက်ကိုရီးယားသည် ကိုရီးယားနှစ်နိုင်ငံအကြား အငြင်းပွားရေပိုင်နက် နယ်စပ်အနီးတွင် ဧပြီ ၂၉ ရက်၌ ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့ပြီး ၎င်းတို့ဘက်ခြမ်းကို အမြောက်ဆန်များ ကျရောက်ခဲ့ပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော တစ်လခန့်ကလည်း မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်လေ့ကျင့်မှုတွင် ကိုရီးယားနှစ်နိုင်ငံက အငြင်းပွားရေပိုင်နက်ထဲသို့ အမြောက်ဆန်များ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

ယခုလေ့ကျင့်မှုကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်အသိပေးခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏နယ်စပ်သို့ အမြောက်ဆန်များ ကျရောက်ခဲ့ပါက တုံ့ပြန်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားခဲ့သည်။ နယ်စပ်ဧရိယာကို ကင်းလှည့်ရန် တောင်ကိုရီးယားက ဂျက်တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ငါးဖမ်းလှေများကို သတိပေးချက် ထုတ်ပြန်ထားပြီး နယ်စပ်ရှိ ယွန်ပြောင်ကျွန်းစုနှင့် ဘန်ယောင်ကျွန်းစုတို့တွင် နေထိုင်သူများကို အရေးပေါ် ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းထားကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် မတ် ၃၁ ရက်တွင် အလားတူလေ့ကျင့်မှုမျိုး ပြုလုပ်စဉ်အတွင်း အမြောက်ဆန်အချို့သည် တောင်ကိုရီးယား ရေပိုင်နက်သို့ ကျရောက်ခဲ့သဖြင့် တောင်ကိုရီးယားက ပြန်လည်ပစ်ခတ်ခဲ့သည်။ မြောက်ကိုရီးယားသည် စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်ရန် ပြင်ဆင်နေကြောင်း ဖော်ပြနေသည့် မကြာသေးမီက ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများကို လေ့လာသုံးသပ်နေချိန်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်အတွင်း တောင်ကိုရီးယားသို့ သွားရောက်ခဲ့သော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စီမံကိန်းကို ဆက်လက်လုပ်ဆောင်ပါက ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှု ကြုံတွေ့ရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အိုဘားမားခရီးစဉ်ကို ရန်စမှုအဖြစ် မြောက်ကိုရီးယားက ကန့်ကွက်ရှုတ်ချခဲ့ပြီး ကြီးမားကျယ်ပြန့်သော နျူကလီးယားစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်သည့် မူဝါဒကို ထပ်မံအတည်ပြုခဲ့သည်။

AFP

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform