စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

ပထမ(၃)လပတ်အတွင်း Samsung စမတ်ဖုန်းများ ရောင်းအားကျဆင်းခဲ့


 ပထမ(၃)လပတ်အတွင်း Samsung စမတ်ဖုန်းများ ရောင်းအားကျဆင်းခဲ့

ပြီးခဲ့သည့်နှစ် ပထမ(၃)လပတ်နှင့် ယှဉ်ပါက ယခုနှစ် အစောပိုင်း (၃)လသည် စမတ်ဖုန်းရောင်းအား (၄)ရာခိုင်နှုန်းထိ ယုတ်လျော့သွားကြောင်း သိရသည်

Samsungကုမ္ပဏီက ယခုနှစ် အစောပိုင်းတွင် စမတ်ဖုန်းရောင်းအား ကျဆင်းမှုကို အတည်ပြု ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ် ပထမ(၃)လပတ်နှင့် ယှဉ်ပါက ယခုနှစ် အစောပိုင်း (၃)လသည် စမတ်ဖုန်းရောင်းအား (၄)ရာခိုင်နှုန်းထိ ယုတ်လျော့သွားကြောင်း သိရသည်။ ဇန်နဝါရီလမှ မတ်လအတွင်း ဒေါ်လာ (၃၂.၃)ဘီလျံထိ စမတ်ဖုန်း အရောင်းကဏ္ဍမှ ဝင်ငွေရရှိခဲ့ခြင်းကြောင့် ရောင်းအားကျခဲ့သည့်တိုင် အမြတ်ငွေမှာမူ တိုးပွားလာကြောင်း တောင်ကိုရီးယား ကုမ္ပဏီကြီးက ကြေညာခဲ့သည်။ အမြတ်ပမာဏသည် (၂၀၁၃)ခုနှစ်၊ ပထမ(၃)လပတ်ထက် (၁၈)ရာခိုင်နှုန်း တိုးပွားလာကြောင်း Samsungက ဆိုသည်။

ကုမ္ပဏီက လက်ရှိညွှန်ကိန်းများသည် အပေါင်းလက္ခဏာဘက် ဦးတည်နေသည်ဟု ခံယူကြောင်းလည်း ပြောကြားထားသည်။ Samsungသည် လတ်တလောတွင် စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု နယ်ပယ်တွင် ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းကြီးအဖြစ် ဦးဆောင် ရပ်တည်နေသည်။ Samsung၏ စမတ်ဖုန်းများ ရောင်းချမှုအတွက် ယခုနှစ် ပထမ(၃)လ စုစုပေါင်း အမြတ်ငွေ ပမာဏသည် ဒေါ်လာ (၇.၅)ဘီလျံထိ ရှိခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် ပထမဆုံး (၃)လတာ အချိန်အတွင်း ဒေါ်လာ (၇)ဘီလျံမျှ အမြတ်ပေါ်ခဲ့သည်။

Samsung၏ Galaxy စီးရီး စမတ်ဖုန်းများ လူကြိုက်များနေခြင်းမှာ ဈေးကွက်ထဲတွင် အမှတ်တံဆိပ်၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက်ဖြန့်ကျက်နိုင်ရန် တွန်းအား ဖြစ်တည်စေခဲ့သည်။ Samsungသည် Nokiaကို ကျော်ဖြတ်ကာ (၂၀၁၂)ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းလ်ဖုန်း ထုတ်လုပ်မှု ကဏ္ဍ၏ အကြီးဆုံး လုပ်ငန်းစုကြီး ဖြစ်လာခဲ့သည်။ လက်ရှိတွင် ဈေးကွက်ကို Samsungက ဆက်လက်ဦးဆောင်ဆဲ ဖြစ်သော်လည်း Xiaomi၊ Huaweiနှင့် ZTEတို့ကဲ့သို့ တရုတ်အခြေစိုက် ကုမ္ပဏီများ၏ ခြိမ်းခြောက်မှုကိုလည်း သတိကြီးကြီး စောင့်ကြည့်နေရကြောင်း သိရှိရသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform