စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 29 April 2014

ဖားကန့်တွင် ကြီးထွား လာသော မူးယစ်ဆေး ရောင်းချမှု ဒေသ အာဏာပိုင်များ မျက်ကွယ်ပြုထား

ကမ္ဘာ့ အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိသည့် ဖားကန့် မြို့နယ် အတွင်း တွင် ကြီးထွား နေဆဲဖြစ်သော မူးယစ် ဆေးဝါးရောင်း ချမှုသည် အာဏာပိုင် များ ကာကွယ်ထားခြင်းကြောင့် ပပျောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံရေးလှုပ် ရှားသူများက တူညီစွာပြောဆိုကြသည်။

ဖားကန့် မြို့နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းချမှုများကို တရားဝင် ဆိုင်ခန်း များ ကဲ့ သို့ဆောက်ကာ မူးယစ်သုံးစွဲသူများ စည်ကား စွာရှိနေခြင်း သည် သက်ဆိုင်ရာ အာဏာပိုင် များ အကာအကွယ်ပေး ထားခြင်းကို သက်သေ ပြနေသကဲ့သို့ ဖြစ်နေကြောင်း ၎င်းတို့က မှတ် ချက်ပြုကြသည်။

''ဖိုးခန်း(ဘိန်းဖြူ ရောင်းချသည့်နေရာ) တွေက ဘုရားပွဲတွေလို စည်ကားနေတယ်''ဟု လုံးခင်းကျေးရွာ ရပ်ကွက်(၁)တွင်နေထိုင်သူ ဦးဇော်က ဆိုသည်။

မူးယစ်ဆေးဝါးရောင်းချသည့်နေရာမှာ လုံးခင်းကျေးရွာအထွက် ရွာနှင့် သုံးဖာလုံခန့် အကွာတွင်ရောင်းချနေပြီး နံပါတ်ဖိုး(ဘိန်းဖြူ)၊ ရာဘ(စိတ်ကြွဆေး)၊ ယင်ဖောင်(ဘိန်းမည်း)များကို ဝယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။

ဖားကန့် မြို့နယ်အတွင်းတွင် လုံးခင်း၊ မှော်စီစာ၊ မှော်ဝမ်းလေး၊ ရှန်ဒေါင်ခ၊ ဝှေခါ၊ ဆိပ်မူ၊ တာမခံ၊ ဆယ်ဇင်း၊ ဟောင်ပါး စသော ကျေးရွာ များတွင် မူးယစ်ဆေးဝါးများကို တရား ဝင်ကဲ့သို့အခန်း များဆောက်ကာ ရောင်းချမှု များပြုလုပ်နေကြောင်း ဒေသ ခံများ၏အဆိုအရ သိရသည်။

ယင်းအခန်းများသည် ဘိန်းဖြူတစ်ပုလင်း (ပင်နီစလင်ဆေးပုလင်း)လျှင် ကျပ် ၄၀၀၀၀၊ ရာဘ (အင်္ဂလိပ်အက္ခရာ ၈၈) ကျပ် ၄၀၀၀၊ ရာ ဘ(အင်္ဂလိပ်စာလုံး တပ) ကျပ် ၂၀၀၀၊ ယင်ဖောင် (ဘိန်းမည်းအဆီ) ကျပ် ၅ဝဝဝအထုပ်နှင့် ကျပ် ၁ဝဝဝဝအထုပ်ရောင်းချခြင်းဖြစ်သည်။

ဖားကန့် မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများသည် ရောင်းချသည့်နေ ရာများတွင် ဘိန်းဖြူကို ဖျော်ရည်စုပ်ပိုက်များဖြင့် အသင့် ထည့်ထားသော ၂ဝဝဝတန်၊ ၄ဝဝဝတန် စသ ဖြင့်ဝယ်ယူကြပြီး မူးယစ်ဆေးရောင်း သည့်အခန်း များ တွင် ဆောက်ထားသော ယာယီတဲများ (ဒေသအခေါ် တစ်ပေါ့စ်ခန်း)များတွင် ရှူ ရှိုက် သုံးစွဲကြသည်ကိုလည်း တွေ့ရသည်။

ဘိန်းဖြူကို အကြောထဲထိုးသွင်းသုံးစွဲသူ များကမူ ရောင်းချသည့်နေရာအနီးရှိ ဝါးရုံပင် အောက်၊ သစ်ပင်အောက်တွင်တန်းစီကာ လက် မောင်း၊ လက်ဖျံများတွင် စလင်အပ်ကိုယ်စီထိုး ကာ ရှိနေကြသည်။
''ဆေးထိုးအပ်တွေ က အင်န်ဂျီအိုအဖွဲ့ အစည်းတွေကလာလှူတာ လိုသလောက် အလ ကားရတယ်''ဟု မှော်စီစာကျေးရွာမှ ဘိန်းဖြူ အကြောထဲထိုးသွင်းသူတစ်ဦးက ဆိုသည်။

ယင်းကဲ့ သို့ မူးယစ်ဆေး ဝါးများ တရားဝင် ကဲ့သို့ရောင်းချ၍ရနေခြင်းမှာ မူးယစ်ဆေးရောင်း ချသူများသည် သက်ဆိုင်ရာ အာဏာပိုင်များ ကို လာဘ်ပေးထားခြင်းကြောင့်  ဖြစ်ကြောင်း ဒေသခံများက တူညီ စွာပြော ဆိုကြ သည်။

အတည်မပြုနိုင်သော်လည်း ဒေသခံများ ၏အဆိုအရ မူးယစ်ဆေးရောင်းချသူများသည် တစ်လလျှင် သိန်း ၃ဝခန့် သက်ဆိုင်ရာအာဏာ ပိုင်လူကြီးများကို အခွန်ပေးကာ ရောင်းချခြင်း ဖြစ်ပြီး ဝန်ထမ်း အငယ်များ ကလည်း မူးယစ် ရောင်းချသူများထံတွင် အပတ်စဉ် အခကြေး ငွေများ လာရောက်တောင်းခံကြကြောင်း သိရ သည်။

ယင်းမူးယစ်ဆေးဝါးရောင်းချသည့်နေရာ များသည် နိုင်ငံတော်က အဆင့်မြင့်အရာရှိများ လာရောက်သည့်အခါတွင် ရောင်းချမှုကို ခေတ္တ ရပ်နားထားသည်ဟုလည်း ဒေသခံများ၏ အဆိုအရ သိရသည်။

လက်ရှိအနေအထား အရ ဖားကန့်  မြို့ နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်များ ရပ်နားထားရကာ စီးပွားရေး လုပ်ငန်းများ အဆင်မပြေသော်လည်း မူးယစ် ဆေးရောင်းချသည့်နေရာများမှာ လူစည်ကား ကာ အရောင်းအဝယ်ဖြစ်လျက်ရှိနေဆဲ ဖြစ် သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အကျော်က နယ် မြေလုံခြုံရေးယူထားသော တပ်မတော်စစ် ကြောင်းများက မူးယစ်ဆေးဝါးရောင်းချသည့် နေရာများကို ဖျက်ဆီးကာ မီးရှို့ခဲ့သော်လည်း ရက်ပိုင်းအကြာတွင် ပြန်လည်ဖွင့် လှစ်ကာ ပုံ မှန်အတိုင်း ရောင်းချမှုပြုလုပ်နေကြောင်း ဒေသ ခံများ၏အဆိုအရ သိရသည်။

''ဝါးတဲနဲ့ဆောက်ထားတာကို စစ်တပ်(တပ် မတော်)က မီးရှို့လိုက်ပေမယ့် နောက်နှစ်ရက် မကြာဘူး၊ ပျဉ်တွေနဲ့ အခိုင်အမာပြန်ဆောက် ပြီးရောင်းတယ်''ဟု မှော်စီစာကျေးရွာရှိကျောက် စိမ်းဝယ်ရောင်းတစ်ဦးက ゞင်းမြင်တွေ့ခဲ့ရသည် ကို ပြန်လည်ပြောပြသည်။

ဖားကန့်   မြို့နယ်အတွင်း ကျောက်စိမ်းရှာ ဖွေသူများ မူးယစ်ဆေးစွဲနေသူများသည် နေပူ မရှောင်၊ မိုးရွာမရှောင် ပင်ပန်းစွာလုပ်ကိုင်၍ ရရှိလာသောငွေကြေးများကို မူးယစ်ဆေးသုံး စွဲခြင်း ဖြင့်သာ ကုန်ဆုံးနေကြ ဆဲဖြစ်သည်။

''ပိုက်ဆံရလိုက် ဖိုးရှူလိုက်နဲ့ စုမိတယ်ကို မရှိဘူး။ အိမ်မပြန်ဘဲနေလာတာ ခြောက်နှစ်ရှိပြီ'' ဟု လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ တွင် ယာယီနေထိုင်ကာ ကျောက် စိမ်းရှာ ဖွေနေ သူတစ်ဦး က ဆိုသည်။

ဖားကန့် မြို့နယ်အတွင်းတွင် မူးယစ်သုံးစွဲ သူများသည် ကျောက်စိမ်းဈေးကွက်မကောင်း ၍ ငွေကြေးမရရှိသည့်အတွက် ပစ္စည်းခိုးယူမှု များ ပြုလုပ်လာကြကြောင်း ဒေသခံများက ပြောကြားသည်။
''ဖိုးသမား တွေသောင်းကျန်းတာ ညပိုင်း အဝတ်အစားတောင်မလှန်းရဲတော့ဘူး''ဟု လုံး ခင်းကျေးရွာ ရပ်ကွက်(၅)တွင်နေထိုင်သူ အမျိုး သမီးက မှတ်ချက်ပေးသည်။

မူးယစ်ဆေးဝါး ရောင်းချသည့်နေရာများ တွင် အဝတ်အစားများရောင်းသူ၊ ကျောက်စိမ်း ဖြတ်သားရောင်းသူ၊ ကျောက်စိမ်းကြည့် ဓာတ် မီးရောင်းသူ၊ ဆိုင်ကယ်ရောင်းသူတို့ အများအ ပြားရှိနေသည် ကိုလည်း တွေ့ရသည်။ ယင်းကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲသူများ ကြောင့် ခိုးဆိုးမှုများလာသည့်အတွက် မူးယစ် ဆေးဝါးရောင်းချမှုများကို အရေးယူပေးရန် တိုင်ကြားသော်လည်း ဆက်လက် ရောင်းချနေ ကြဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် မူးယစ်ဆေးဝါးရောင်းချသည့် နေရာတွင် ပြဿနာဖြစ်ပွားပါက ရဲစခန်းသို့တိုင် ကြားသော်လည်း အရေးယူမှုပြုလုပ်ခြင်းမရှိ ကြောင်း ゞင်းတို့က ဆိုသည်။ သင်္က࿿န်ြပြီးကာလတွင် လုံးခင်း ကျေးရွာ အပြင်ဘက်ရှိ မူးယစ်ဆေးဝါးရောင်းချသည့် နေရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အဖော် လိုက်သွားသူကို ယင်းနေရာရှိ အစောင့်များက (မူးယစ်ရောင်းချသည့်နေရာများတွင် လူမိုက် များ ကို လုံခြုံရေးအစောင့်အနေဖြင့် ထားရှိကြ သည်) ဝိုင်းဝန်းရိုက်နှက်သဖြင့် ရဲစခန်းသို့ တိုင်ကြားသော်လည်း အရေးယူပေးခြင်းမရှိ ကြောင်း ကာယကံရှင်၏အစ်ကိုတော်စပ်သူက ပြော သည်။

ထိုကဲ့သို့ ရဲစခန်းက အရေးယူပေးခြင်းမရှိ သည့်အတွက် ကျေးရွာအတွင်း လူငယ်အများစု စည်ကား မူးယစ်ဆေးဝါးရောင်းချသည့်နေရာ ကို သွားရောက်မီးရှို့မှုများ ပြုလုပ်ခဲ့ကြောင်း ゞင်းက ရှင်း ပြသည်။ ''ရဲစခန်းက ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းခိုင်းတယ်။ အုပ်ချုပ်ရေးမှူးကလဲ မရှင်းပေး တော့ လူစုပြီး ဖိုးခန်းကို သွားမီးရှို့ကြတာ''ဟု လည်း ၄င်းက ဆိုသည်။ ယင်းမီး ရှို့ခံ ရသည့် မူးယစ်ဆေးဝါးရောင်း ချသည့်နေရာမှာ ဧပြီလတတိယအပတ်တွင် ပုံမှန်အတိုင်း ရောင်းချနေဆဲဖြစ်သည်။

ဖားကန့်   မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲ သူမှာ သိန်းချီရှိနေသည့်အတွက် ရောင်းချမှုပ ပျောက်အောင်လုပ်ဆောင်ရန်မှာ လွယ်ကူမည့် ကိစ္စမဟုတ်ကြောင်း ကချင်ပြည်နယ်တွင်မူးယစ် ဆေးဝါးသုံးစွဲ သူများကို ပညာပေးမှုများပြုလုပ် နေသည့် အင်န်ဂျီအိုဝန်ထမ်းတစ်ဦးက မှတ် ချက်ပေးသည်။

၂၀ဝ၆ခုနှစ်ခန့်က ဖားကန့်   မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချမှုများ ပပျောက်စေရန် ဖမ်းဆီးအရေးယူခဲ့သည့်အတွက် မူးယစ်ဆေး ရောင်းသည့်အခန်းများ ပိတ်သိမ်းလိုက်သည့် အခါ ဖားကန့်   မြို့နယ် အတွင်း မူးယစ်ဆေးသုံး စွဲသူတို့ စိတ်ကယောင်ချောက်ချားဖြစ်ကာ   အကြမ်းဖက်မှုများကျူးလွန်ခဲ့သည့်အပြင် မူး ယစ်ဆေးမသုံးစွဲရ၍ သေဆုံးသူများပြားခဲ့ ကြောင်း ဒေသခံတို့၏အဆိုအရ သိရ သည်။

''(မူးယစ်)ဆေးရောင်းတဲ့နေရာတွေ အား လုံးပိတ်လိုက်တော့ ဖိုးသမားတွေ ကြောင်သွား ပြီးတော့ တွေ့သမျှလူကိုရိုက်တယ်။ တချို့ကလဲ ဆေးရောင်းတဲ့အိမ်ရှေ့မှာ ရောင်းပေးဖို့အော် ကြတယ်။ မရောင်း ပေးတော့ အိမ်ကို ခဲနဲ့ထုကြ တယ်''ဟု ဆိပ်မူကျေးရွာတွင် နေထိုင်ခဲ့သူတစ်ဦး က သူမြင်တွေ့ခဲ့ရသောအတွေ့အကြုံကို ပြန် လည်ပြောပြသည်။

အသက် ၂၄နှစ်အရွယ် ဘိန်းဖြူသုံးစွဲသူ တစ်ဦးကမူ ''တစ်ရက်တစ်ခါမှမသုံးရရင် ရင်း ကန် (မူးယစ်ဆေးဆာလောင်မှုဖြစ်)ပြီးတော့ နှာရည်တွေကျလာတယ်။ စိတ်တွေ ကယောင် ချောက် ချား ဖြစ်လာတယ်''ဟု ရင်ဖွင့်ပြောပြဖူး သည်။ ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲမှု သည် လူငယ်များအကြားတွင် ကျယ်ပြန့်လာပြီး တက္ကသိုလ်ကျောင်းဝန်းကျင်တွင်သာမက အခြေ ခံပညာ သင်ကျောင်း များတွင်ပါ တွေ့ရှိလာရ ခြင်းသည် ယင်းပြည်နယ်၏မူးယစ်ဆေးပြဿနာ ကြီးထွားလာမှုကိုညွှန်းဆိုပြနေခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် ကျောက်စိမ်းထွက် ရှိသည့် ဖားကန့်    မြို့နယ်သာ မက မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ တနိုင်း စသည့် မြို့နယ်များတွင်လည်း မူးယစ်ဆေးဝါးပြဿနာ ကြီးမားနေကြောင်း လွှတ်တော်ကိုယ်စားလှယ် များက တူညီစွာပြော ဆိုကြ သည်။ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဒွဲဘူက ''ကချင်ပြည်နယ်မှာ မူး ယစ်ဆေးဝါးပြဿနာကို အဓိကထားပြီး ဖြေ ရှင်းဖို့လိုနေပါတယ်''ဟု မှတ်ချက် ပြုထား သည်။

ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များ တွင် အကျဉ်းကျနေသူ ရာခိုင်နှုန်း ရဝကျော်မှာ မူးယစ်ဆေးဝါးကြောင့် အကျဉ်းကျနေသူများ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြား ချက်အရ သိရသည်။ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲ မှုပြဿနာကျဆင်းရေးနှင့် ပပျောက်ရေးတို့ကို လုပ်ဆောင်ရာတွင် လူငယ်များအကြား ပညာ ပေးအစီအစဉ်များ တွင်ကျယ် စွာ လုပ်ဆောင်သင့် သည့်   အပြင် အစိုးရပိုင်အနေဖြင့်လည်း မူးယစ် ဆေးနှိမ်နင်းမှုများပြုလုပ်ရာတွင် လာဘ်ပေး လာဘ်ယူမှုများကင်းရှင်းရန် လိုအပ်ကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးကျော်စိုးလေးက မှတ်ချက်ပြုသည်။ ဆိပ်မူကျေးရွာရပ်ကွက်(၂)တွင် နေထိုင် သူတစ်ဦး က ''မူးယစ်ဆေးဖြန့်နေတဲ့ လက်ကြီး သမားတွေကို မဖမ်းသရွေ့ ဖားကန့်မှာ မူးယစ် ဆေးကရှိနေဦးမှာပဲ''ဟု ဆိုသည်။

မင်းထက်စံ

[--Democracy today Daily Newspaper--]

Myanmar News Network


မူးယစ်ဆေးဝါးရောင်းချရာ နေရာ တစ်နေရာကိုတွေ့ရစဉ်။ ဓာတ်ပုံ - မင်းထက်စံ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform