စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အားဝင်တိုက်


အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အားဝင်တိုက်

နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန် နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၂/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်နေ ဘုန်းမောင်ဦး(၅၁)နှစ် မောင်းနှင်လာသော ၄စ/xxxx တိုယိုတာတောင်းအေ့စ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဇော်မင်းလတ်(၃၀)နှစ်မောင်းနှင်သည့် 8J/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းစွန်းအား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တိုက်မိမှုကြောင့် 8J/xxxx ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၄စ/xxxxယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်နေ ဦးမြတ်ဇော်(၄၈)နှစ်တွင် ၀ဲခြေဖ၀ါး/၀ဲခြေဖနောင့်/၀ဲခြေခုံ/ယာခြေသလုံးပေါက်ပြဲ၊ ယာဒူးခေါင်းညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 8J/xxxx ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းပိန်ချိုင့်၊ ဘော်ဒီယာဘက်ခြမ်းဆေးပွန်း၊ ယာဘက် ရှေ့အချက်ပြ မီးကွဲ၍ တန်ဘိုးငွေကျပ် (၁)သိန်းခန့်နှင့် ၄စ/xxxxယာဉ်၏ရှေ့ခေါင်းပိုင်းဝဲဘက်ခြမ်း၊ ရှေ့လေကာမှန်ကွဲ၊ ၀ဲတံခါးပိန်ချိုင့်ပျက်စီး၊ ၀ဲ/ယာရှေ့မီးသီးကွဲကာ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘုန်းမောင်ဦးအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform