စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 29 April 2014

ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က နယ်လှည့်ပါးရိုက်ပြီး မွန်ဝန်ကြီးချုပ်ဦးအုန်းမြင့်က အဆဲခံမယ်

“နယ်လှည့်ပြီး ပါးရိုက်လာတာ”ဟုဆိုသော ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် ပြီးနောက် “မကျေနပ်  လို့ရှိရင်ကျွန်တော့်ကို လာဆဲပါ။ အဆဲခံပါ့မယ်”ဟု မွန်ပြည်နယ်ဝန် ကြီးချုပ်ဦးအုန်းမြင့်က ပြောလာပြန် သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် ဧပြီ (၂၅) ရက်နေ့တွင် သထုံမြို့၊ သုဝဏ္ဏခန်းမဆောင်၌သထုံခရိုင် (၄)မြို့နယ်ပါတီစုံတွေ့ဆုံဆွေးနွေး ပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်  ၀န်ကြီးချုပ်ဦးအုန်းမြင့်ကအခုတင် ပြသူများအနေနဲ့ ၎င်းကို ဆဲလိုပါက  ၎င်းအနေဖြင့်အဆဲခံနိုင်ပါကြောင်း  ပြောကြားခဲ့သည်ဟုသိရသည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းသည်တပ် မတော်တာဝန်ထမ်းဆောင်ခဲ့စဉ် က တာဝန်ကျခဲ့ဖူးသော သုဝဏ္ဏ ဘုမိသထုံမြို့သို့ရောက်ရှိခိုက်ပါတီ များနှင့် တွေ့ဆုံဆွေးနွေးရာတွင်  မွန်ပြည်နယ်ဝန်ကြီးဦးအုန်းမြင့်အပါ အ၀င် (၄) မြို့နယ်မှ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့မိမြို့ဖများဖိတ် ကြားထားသည့်ဧည့်သည်များတက် ရောက်ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကမြို့နယ်အလိုက် အသီးသီးတင်ပြလိုပါက တင်ပြ နိုင်ပါကြောင်း ပြောကြားပြီးနောက်  မြို့နယ်အလိုက် (၄) မြို့နယ် ပြဿနာများကို တင်ပြခဲ့ကြောင်း  သိရသည်။

အဆိုပါတင်ပြမှုအပေါ်မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က “တင်ပြသူများအနေနဲ့ ကျွန်တော့် ကို မကျေနပ်လို့ဆဲလိုပါက ကျွန်တော့်ရုံးဝကနေထိုင်ပြီး ဆဲရင် လည်း ကျွန်တော်နားထောင်ပေး ပါ့မယ်။ ကျွန်တော်အဆဲခံနိုင်ပါ တယ်”ဟုတင်ပြသူများကိုတုံ့ပြန်  ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော့် အနေနဲ့ကတော့ အဆဲမခံနိုင်ဘူး။အဆဲခံနိုင်တဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို  ဆဲကြည့်ကြပေါ့”ဟုပါတီစုံတွေ့ဆုံဆွေးနွေးပွဲအပြီး တွင် ပြောကြားခဲ့ကြောင်း သိရ သည်။

အဆိုပါ အဆဲခံနိုင်ပါတယ် ဆိုတဲ့ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာ သော ရပ်မိရပ်ဖတစ်ဦးအား မေး မြန်းရာတွင် ““၁၉၉၂ ခုနှစ်က တည်းက ကျွန်တော်တို့ရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထကျောင်းကလေး ဟာ ၂၀၁၂ ခုနှစ်ရောက်တော့ အိမ်ဖြစ်သွားတဲ့ကိစ္စ၊ ကူညီဖြေရှင်း ပေးပါလို့ ပြည်ထောင်စုလွှတ် တော်နာယကကို တင်ပြတဲ့အခါ မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်က စိတ်တိုလာတဲ့အနေအထားနဲ့ ဒီ စကားကို ထပြီးပြောလိုက်တာပါ””ဟု ပေါင်မြို့နယ်လက်ပံကျေးရွာမှ ဦးငွေသိမ်းက အတည်ပြုပြော ကြားသွားသည်။

စိုးဝင်းနိုင်

Hot News Journal

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform