စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 28 April 2014

ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ

မင်္ဂလာပါ......ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်မျှဝေပါမယ်.....ပုံပြင်လေးအမည်ကို ကျနော်က ဒီလိုပေးထားပါတယ်.....

ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ

ဟိုး....ရှေးရှေးတုံးက.... ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မိလို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာသူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . . နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကိုသနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. . .သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . .

အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကိုလူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. . ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .

သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . .အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . .ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . .

ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ.....ပုံပြင်ရဲ့ အနှစ်သာရကို...ကျနော်က ဒီလိုနားလည်မိပါတယ်....။ စာဖတ်သူနဲ့ အတွေးမညီခဲ့ ရင်လည်း..ကျနော့် ကို စာပေအလင်းကူညှိရအောင်ပါ...။

ပုံပြင်လေးရဲ့ အနှစ်သာရ((( လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်။))))

ချစ်ခင်လေးစားသောရွှေအိမ်စည်https://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform