စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 April 2014

ရေကန်အတွင်း ဂုံးငုပ်ဖမ်းဆီးသူ အမျိုးသား(၂)ဦး ရေနစ်သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆

၂၅.၄.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် သန်လျင်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ ပဲခူးစု ရပ်ကွက်ရှိ စက်ရေကန်၌ လူ(၂)ဦးရေနစ် သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ သာကေတမြို့နယ် နေသူများ ဖြစ်သော ကိုသိန်းရီ၊ (၃၄)နှစ်၊ (ဘ)ဦးသိန်းရင် နှင့် ကိုညီညီလွင်၊ (၂၈)နှစ်၊ (ဘ)သိန်းရွှေတို့(၂)ဦးဖြစ်ပြီး ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ ရေနစ်သည့် လက္ခဏာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းတို့(၂)ဦးသည် ၁၁၀၀ အချိန်ခန့်က အကျယ် (၂၀၀ x ၁၃၀)ပေ၊ အနက်(၁၀)ခန့်ရှိ အဆိုပါရေကန်သို့သွားရောက်ရေကူး ကြကာ ဂုံးငုပ်ရှာဖွေဖမ်းဆီးစဉ် ရေနစ်ပျောက်ဆုံးနေသဖြင့် ၀ိုင်းဝန်းရှာဖွေ ခဲ့ကြရာ ၁၆၃၀အချိန်တွင် ၎င်းတို့(၂)ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှ ကိုသိန်းရီနှင့် ကိုညီညီလွင်တို့(၂)ဦး သေဆုံးခြင်းနှင့်ပတ်သက်၍ သန်လျင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform