စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

အပူချိန်မြင့်တက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်

အပူချိန်မြင့်တက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အပူချိန်မြင့်တက်ခဲ့မှုကြောင့် ဧရာဝတီတိုင်း တွံတေး၊ မအူပင်၊ ပန်းတနော်မြို့နယ်တွေက ငါးမွေးမြူရေး ကန်တွေမှာ ငါးတွေသေဆုံးခဲ့သလို ကန်ဖော် ရောင်းချတာ များသွားတဲ့အတွက်ကြောင့် ဈေးကျသွားခဲ့တယ်လို့ တွံတေးမြို့နယ် ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းကျော်က ပြောပါတယ်။

ငါးတွေသေမှာစိုးလို့ ကန်တွေဖော်ရောင်းကြတဲ့ အတွက် ၀ယ်လိုအားထက် ရောင်းလို အား များသွားပြီး ဈေးတွေ ထိုးကျကုန်တယ်လို့လည်း ဦးဝင်းကျော်က ပြောပါတယ်။

ဒါပေမယ့် ဒီနှစ် ငါးတွေသေဆုံးမှုဟာ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးမဟုတ်ဘူး လို့လည်း ရန်ကုန်နဲ့ တွံတေးက ငါးမွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

အပူချိန်ကြောင့် ငါးမွေးမြူရေး လုပ်ငန်းတွေမှာ ထိခိုက်ပေမယ့် ပုစွန်လုပ်ငန်းတွေကတော့ ထိခိုက်တာ သိပ်မရှိဘူးလို့ ပုစွန်သားဖောက်လုပ်ငန်းရှင် ဦးကျော်ထင်က ပြောပါတယ်။

အခုလို အပူချိန်မြင့်တက်ခဲ့ပြီး မိုးရွာမယ်ဆိုရင် ငါးနဲ့ ပုစွန်တွေ အသေအပျောက် များနိုင်တယ်လို့ ငါးပုစွန် မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform