စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 April 2014

"ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူငယ်တွေတရားလုပ်ရင် ဘာလို့လှောင်ပြောင်ချင်ကြတာလဲ?"

"ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူငယ်တွေတရားလုပ်ရင် ဘာလို့လှောင်ပြောင်ချင်ကြတာလဲ?"

မကြာခဏဆိုသလိုတွေ့မိကြမှာပါ။ တရားစာတို့၊ဆောင်ပုဒ်တို့ ၊ဆောင်းပါးတို့ကို ကိုယ့်မိတ်ဆွေတွေလည်း ဖတ်ကြပါစေ ဆိုပြီး ရှယ်လုပ်လိုက်ကြရင် ကွန့်မန့်တွေမှာ တချို့တလေက “ငယ်ငယ်...ရွယ်ရွယ်နဲ့တရားပေါက်သွားပြီလား?” “ တောထွက်တော့မလို့လား” “ဘုန်းကြီးဝတ်တော့မယ်ပေါ့” “သီလရှင်ဝတ်တော့မယ်ထင်တယ်”
စသဖြင့် ရေးတာလေးတွေ Facebook တွေမှာတွေ့ကြရမှာပါ။ တရားပေါက်ဖို့၊ တောထွက်ဖို့၊ ဘုန်းကြီးဝတ်ဖို့ဆိုတာ တော်ရုံ ပါရမီ ၊၀ါသနာ၊ စိတ်ဝင်စားမှူ နဲ့ လွယ်လွယ်မဖြစ်ပါဘူး။

စိတ်ဝင်စားတယ်ဆိုရင်တောင် ဗဟုသုတ ရှိရုံ၊စာတတ်ရုံနဲ့ အာလူးပေးတတ်ရုံ နဲ့ တရားမပေါက်နိုင်ပါဘူး။
ဆရာသမားကောင်းထံမှာသေချာဆည်းပူးပြီးကိုယ်တိုင်ကလည်း ထက်သန်တဲ့ ဇွဲလုံ့လ ၀ီရိယနဲ့ အားထုတ်မှ ပါရမီအလျောက်၊ကြိုးစားအားထုတ်မှူတွေပေါ်မူတည်ပြီး ကိုယ်လုပ်သလောက်ကိုယ်ရကြတာပါ။ တချို့ဆို ဘာသာရေး လမ်းကြောင်းကိုလျှောက်နေတာကြာပေမယ့် လမ်းလွှဲလိုက်မိနေကြတဲ့သူတွေလည်းရှိပါတယ်။
တရားဆိုတာတကယ်လုပ်မိပြီဆိုရင်လည်းတရားအရသာကို ပြန်လည်ခံစားကြရမှာလက်တွေ့ပါ။ ကိုယ့်တရားကကိုယ့်ကို ပြန်စောင့်ရှောက်ပါတယ်။

တကယ်လုပ်ရင်တော့တကယ်ရမယ့် ဘယ်တော့မှ မလွဲတဲ့ နှစ်ခွန်းမမိန့်တဲ့ဗုဒ္ဓရဲ့ တရားစစ်တရားမှန်တွေပါ။
အပြင်လောကမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တရားအားထုတ်ရင်တော်လိုက်တာလို့ ချီးကျူးမယ့်သူတွေရှိပေမယ့် တဖက်ကလည်းသူငယ်ချင်းအသိုင်းအ၀ိုင်းတွေကလည်း မိဘတွေကို..သူ့ကို ဂရုစိုက်အုန်းနော်…
လိုင်းကြောင်သွားမယ်။ ဂေါက်တောက်တောက်ဖြစ်နေမယ် စသဖြင့် ပြောတတ်ကြပါတယ်။

ငါ့တူတော့ တရားပေါက်သွားပြီထင်တယ်…ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးသွားရှာပြီ…ဘိုးတော်ဖြစ်နေပြီ…နတ်ကတော်ဖြစ်နေပြီ စသဖြင့် ပြောတဲ့သူဟာ ကိုယ့်ကိုယ်ကို ဘာသာရေးနဲ့ အတော်ကင်းကွာကြောင်းကြော်ငြာဝင်နေတာနဲ့အတူတူပါဘဲ။
မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေကနေ တကယ့်ဗုဒ္ဓဘာသာဝင်တွေဖြစ်ဖို့ ဘုရားကြိုက်တဲ့ ပူဇော်နည်းတရှုတရှိုက် ဆိုတာဘာလဲလို့ မလေ့လာသလို…စိတ်လည်းမ၀င်စားကြပါဘူး။

ဗုဒ္ဓဘာသာဝင်အချင်းချင်း တရားလုပ်ရင်ချီးကျူးအားပေး ၊ မလုပ်ရင်တရားလုပ်ပါလို့ တိုက်တွန်းရမယ့်အစား အချင်းချင်းလှောင်တာ..သရော်တာဟာ မသင့်ပါဘူး။
ဒါဟာလဲ ပထမအရွယ်ပညာရှာ၊ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာဆိုတဲ့ မှားယွင်းတဲ့ ဆိုရိုးကြောင့်ဖြစ်ပါလိမ့်မယ်။
သေမင်းက ပထမအရွယ်မခေါ်ဘူး။ဒုတိယအရွယ်ဆို လိုသေးတယ်လို့ ပြောမထားပါဘူး။

ဒါကြောင့် သာသနာတော်ကြီးတည်တံ့ဖို့ဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိတဲ့အတွက် ဗုဒ္ဓဘာသာအချင်းချင်းသရော်လှောင်ပြောင်ချင်းမပြုဘဲ ဘာကြောင့် သူတို့တွေကတရားစာတွေကြိုက်တာလဲ?။ ဘာတွေပေးလို့လဲ့။ ဘာကြောင့်လဲလို့ စူးစမ်းရင်တောင် ကိုယ်လည်းဘဲ အေးငြိမ်းမှုပေးနိုင်တဲ့ ဗုဒ္ဓအရိပ်ကို အရိပ်စစ် အဖြစ်ခိုလှုံချင်လာမှာပါ။
မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်လာစေဖို့ ရည်သန်ရင်း မြေဇင်းဆရာတော်ကြီးရဲ့ ဘုရားအကြိုက်ဆုံးပူဇော်နည်းကို ထပ်မံဖော်ပြလိုက်ရပါတယ်။

ဘုရားအကြိုက်ဆုံးပူဇော်နည်း(မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး)

မြတ်စွာဘုရားကို အခြားလှူဖွယ်ပစ္စည်းတွေနှင့် ပူဇော်တာထက် အခုလို ယောဂီတို့ တစ်ရှူ တစ်ရှိုက် တရားနှင့် ပူဇော်တာက ပိုမွန်မြတ်တယ်။
ဘာလို့လဲဆိုတော့ - မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေက အတီးအမှုတ် တွေနဲ့သီဆိုပြီး ပန်းနံ့သာအမွှေးအကြိုင်တွေနှင့် လိုလေသေးမရှိ အခါမဲ့ပန်းတွေလဲ ပွင့်လို့ ၊ သက်ရှိသက်မဲ့ တွေကတောင် ပူဇော်ကြတာ။
ဒီလိုပူဇော်တာတွေကြည့်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို နောက်ဆုံးမှာသွားတာက ချစ်သား အာနန္ဒာ…… ‘ ဒီလိုပစ္စည်းဝတ္ထုတွေနဲ့ ပူဇော်တာ ငါဘုရားကို ရိုသေလေးစားရာမရောက်ဘူး ၊ မြတ်နိုးကော်ရော် ရာလဲ မရောက်ဘူး၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ တရားနှလုံးသွင်း ရှုမှတ်ပြီး ပူဇော်တာကမှ အကောင်းဆုံး ပူဇော် ရာရောက်တယ် ’ လို့ ဟောထားခဲ့တာ။
ယခု ယောဂီတို့ ဘုရားကြိုက်တဲ့ ပူဇော်နည်းနှင့် ပူဇော်နေကြပြီ။

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ

မှတ်ချက်။ ။ အခုဆောင်းပါးကိုကိုယ်တိုင် အပြောခံရလို့ ရေးတာမဟုတ်ပါ။စိတ်တိုလို့ ရေးတာလည်းမဟုတ်ပါ။ လူကြီးများက လူငယ်များကို ပြောကြတယ်ဆိုပြီးတော့လည်း ရေးတာမဟုတ်ပါ။ လူငယ်လူငယ်ချင်းလည်းပြောကြပါတယ်။ မကြာခဏဆိုသလို သူများ post တွေမှာ comment အဖြစ်တွေ့နေရလို့ မိမိဘာသာဝင်အချင်းချင်းမလှောင်ပြောင်ရန်ရေးခြင်းဖြစ်ပါတယ်။
လူငယ်တွေ တရားလုပ်တာကို အားပေးသောအနေဖြင့် နောက်မတွန့်ကြရန်ရေးခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform