စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 28 April 2014

လမ်းအကွေ့၌ အရှိန်မထိန်းနိုင်သောယာဉ် တံတားဘောင်အားတိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

လမ်းအကွေ့၌ အရှိန်မထိန်းနိုင်သောယာဉ် တံတားဘောင်အားတိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

ေ နေပြည်တော်၊ ဧပြီ ၂၈
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၂/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဘူတာလမ်းနေ ဇော်မင်းလေး(၃၃)နှစ်မောင်းနှင်လာသည့် 6G/xxxx မစ်ဆူဘီရှီအပြာရောင်ယာဉ်သည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်စွန်းအားတိုက်မိပြီး လမ်းမပေါ်သို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ဇော်မင်းလေးနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာနေ ဒေါ်စန်း(၅၁)နှစ်ပါ ကျား ၄ ဦး၊ မ ၉ ဦး၊ စုစုပေါင်း (၁၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့တင်ပို့ကုသခဲ့ရာ ဒေါ်စန်းမှာ ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်မင်းလေးအား ဘောနီ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform