စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးမိုင်တိုင်နှင့်ကွန်ကရစ်တိုင်များအား တိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးမိုင်တိုင်နှင့်ကွန်ကရစ်တိုင်များအား တိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

ေ နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၉/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင် အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှနေပြည်တော်သို့ နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်နေ ကျော်သူဟန်(၃၂)နှစ် မောင်းနှင်လာသော 2G/xxxx ဟိုင်းလပ်ဆပ်ဖ် ငွေမင်ရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ မိုင်တိုင်အမှတ်(၂၂၉/၂)အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးကွန်ကရစ်တိုင်များအား ဆက်လက်တိုက်မိကာ တစ်ပတ်လည်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဒက်္ခိဏသီရိမြို့နယ်နေ ဒေါ်သိင်္ဂီထွန်း(၃၉)နှစ်မှာ ဦးခေါင်းယာဘက်ခြမ်း ကြေမွစုတ်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျော်သူဟန်တွင် ၀ဲနားထင်ပေါက်ပြဲ၊ ယာလက်/တင်ပဆုံရိုး/ညှပ်ရိုးကျိုးဒဏ်ရာများနှင့် ဦးဇော်ထွန်း(၄၃)နှစ်တွင် ၀ဲလက်မောင်းဖူးရောင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်သူဟန်အား ဘုရားတောင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform