စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 April 2014

ရဟန္တာဖြစ်ချင်တယ်ဆိုရင်တောင် မသင်မနေရပညာရေးကိုတော့ လိုက်နာစေရမှာဖြစ်ပါတယ်..။

ရဟန္တာဖြစ်ချင်တယ်ဆိုရင်တောင်
မသင်မနေရပညာရေးကိုတော့ လိုက်နာစေရမှာဖြစ်ပါတယ်..။
-----------------------------------------
ယုံကြည်ဆောင်ရွက်ကလေးများအတွက် ဆိုတဲ့ ဒီနေ့ ချက်ထရီယမ်ဟိုတယ်ကျင်းပတဲ့ နိုင်ငံတော်အဆင့်စုံညီအစည်းအဝေးမှာ
ဘုန်းဘုန်းရဲ့ အတွေ့အကြုံနဲ့ အမြင်လေး သိပါရစေ...။

ဘုန်းတော်ကြီးကျောင်းတွေမှာ ဖော်ဆောင်နေတဲ့ အဓိကပညာရေးနှစ်မျိုးရှိပါတယ်..။ ဘုန်းတော်ကြီးသင်ပညာရေးနဲ့
ပရိယတ္တိပညာရေးဖြစ်ပါတယ်..။
ဘုန်းတော်ကြီးသင်ပညာရေးဆိုတာက ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေအတွက် လူတိုင်းသင်ယူခွင့်ရှိတဲ့အခြေခံပညာမူလတန်း၊အလယ်တန်းနဲ့ အထက်တန်းပညာတွေ သင်ယူနိုင်အောင် ဘုန်းတော်ကြီးတွေက စီစဉ်ပေးတဲ့ ပညာရေးပါ..။
နောက်တစ်ခုကတော့ သာသနာ့ဝန်ဆောင်ဆရာတော်ကြီးတွေဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်္ကန်းစည်းပြီး သာသနာ့ဘောင်ဝင်လိုက်တဲ့နေ့က စပြီး မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊နိကာယ်ငါးရပ်တွေသက်သက်သာ သင်ကြားရတဲ့ ပရိယတ္တိပညာရေးပါ။
ဒီပွဲမှာ ဦးဇင်းဆွေးနွေးခဲ့တာက ဒုတိယဖြစ်တဲ့ ပရိယတ္တိပညာရေးပါ..။
ဦးဇင်းရဲ့ ဘ၀အတွေ့အကြုံအရ ၇ နှစ် ၈နှစ်အရွယ်မှာ ရှင်သာမဏေအဖြစ်ကို ရောက်သွားပါတယ်..။ အဲဒီအချိန်ကစပြီး ပရိယတ္တိစာပေသက်သက်ကိုပဲ သင်ခဲ့ရတော့တာပါ..။
အခြားဘာပညာမှ သင်ယူခွင့်မရှိပါဘူး..။

အဲဒီတော့ ဒီကလေးတွေဟာ သံသရာက လွတ်မြောက်ချင်လို့ ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ သင်္ကန်းစည်းလာတာမဟုတ်ဘူးဆိုတာ နားလည်ရမှာပါ..။ မပျော်တဲ့အချိန်မှာ သာသနာ့ဘောင်က အချိန်မရွေးထွက်သွားနိုင်ပါတယ်..။ အဲဒီတော့ သာသနာတော်တွင်း ပညာရေးက ဒီကလေးအတွက် ဘာအာမခံချက်ပေးနိုင်သလဲ..။
ကလေးအခွင့်အရေးပဲ ဆိုဆို၊ လူ့အခွင့်အရေးပဲ ပြောပြော ချိုးဖောက်ခံလိုက်ရတယ်လို့ တစ်ချို့က မြင်ကြတာ စဉ်းစားဖို့ ကောင်းတယ်..။

အဲဒီအတွက် ကလေးတစ်ဦးတည်းက နစ်နာတာမဟုတ်ဘူး၊ သာသနာတော်လည်း နစ်ပါတယ်။ နိုင်ငံတော်လည်း နာပါတယ်..။
ဘာဖြစ်လို့လဲဆိုတော့ သာသနာ့ဘောင်ဝင်ရင် ကလေးတွေအတွက် ဘ၀အာမခံချက်မရှိမှန်း သိလာကြတဲ့မိဘတွေက (သာသနာကို ကြည်ညိုပေမယ့်) သူတို့ရဲ့ ကလေးတွေကို ရိုးရာဓလေ့အရ ရှင်ပြုပေးကြပေမယ့် ရှင်သာမဏေဘ၀နဲ့ (၇) ရက်ထက် ပိုမထားကြတော့ပါဘူး..။ အဲဒီတော့ သာသနာဟာ နစ်ဖို့ ရှိပါတယ်..။

သာသနာ့ဘောင်မှာ အကြောင်းအမျိုးမျိုးနဲ့ နှစ်ရှည်လများ ပရိယတ္တိပညာတွေ သင်ယူပြီး ဓမ္မာစရိယဘွဲ့တွေရ၊ ပိဋကတ်တစ်ပုံဆောင်၊ နှစ်ပုံဆောင်တွေ ဖြစ်ကာမှ သာသနာ့ဘောင်က ထွက်လာတဲ့ သူတွေ အများကြီးရှိပါတယ်..။ အဲဒီလိုဥာဏ်ပညာနဲ့ ကြီးပျင်းခွင့်ရလာတဲ့သူတွေ ဖြစ်လာအောင် တိုင်းပြည်က အများကြီးပံ့ပိုးခဲ့ရပါတယ်..။ ပြည်သူတွေက အများကြီး ထောက်ပံ့ခဲ့ရပါတယ်..။ ဒါပေမယ့် လူထွက်သွားတော့
ဥာဏလုပ်သားအဖြစ်နဲ့ ရပ်တည်ခွင့်မရှိတော့ဘူး။
ဓမ္မာစရိယဘွဲ့ ရေးတတ်ဖတ်တတ် စာရင်းထဲ ပါသွားပါတယ်..။
အဲဒီအတွက် တိုင်းပြည်က နာပါတယ်..။
ကာယကံရှင်ကိုယ်တိုင်ကတော့ နစ်လည်း နစ်။ နာလည်း နာပါတယ်..။

အဲဒီတော့ သင်္ကန်းဝတ်ထားသည်ဖြစ်စေ၊ သင်္ကန်းမ၀တ်သည်ဖြစ်စေ ကလေးကို ကလေးလို့ မြင်ပေးပါ..။ သင်္ကန်းဝတ်ထားတဲ့ ကလေးတွေကိုလည်း (လောကုတ္တရာသက်သက်ရှုထောင်က မကြည့်ဘဲ) ကလေးအခွင့်အရေးအပြည့်အ၀ပေးကြပါ..။

သတ်မှတ်ထားတဲ့ အသက်အရွယ်မပြည့်သေးမီ (အခြေခံပညာသင်ယူရမယ့် အရွယ်မလွန်မီ) ရဟန္တာဖြစ်ချင်တယ်ဆိုဦးတော့ အစိုးရက ပြဌာန်းထားတဲ့ အခြေခံပညာကို မသင်မနေရ ပြဌာန်းပေးပါ..။
သာသနာ့ဘောင်မှာ ဆက်နေရင် ပိဋကတ်စာပေတွေကို အမြင်ကျယ်ကျယ်နဲ့ လွယ်လွယ်ကူကူသင်ယူနိုင်ပြီး စွယ်စုံသာသနာပြုဆရာတော်တွေ အဖြစ် နိုင်ငံတကာမှာ ၀င်ဆန့်ပါလိမ့်မယ်။ သာသနာ့ဘောင်မှာ မပျော်ရင်လည်း သာသနာ့အကြောင်းကို တကယ်သိမြင်ပြီး အမှန်တကယ်ထောက်ပံ့နိုင်တဲ့ ဥပါသကာကောင်းတွေ၊ နိုင်ငံ့သားကောင်းကြီးတွေဖြစ်လာပါလိမ့်မယ်..။
ဒါကြောင့်မို့ ပညာရေးဝန်ကြီးဌာနနဲ့ သာသနာရေးဝန်ကြိးဌာနပူးပေါင်းဆောင်ရွက်ပေးပါ လို့ ပြောချင်ပါတယ်..။

---------------
နည်းနည်းချဲ့ထွင်ပြောလိုက်သည်..။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform