စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 April 2014

စင်္ကာပူမှာ ဘယ်သူတွေကို ကြိမ်ဒဏ်ပေးသလဲ

စင်္ကာပူမှာ ဘယ်သူတွေကို ကြိမ်ဒဏ်ပေးသလဲ

စင်္ကာပူမှာ ရက် ၉၀ ထက် ပိုပြီး အိုဗာစတေးဖြစ်ခြင်း၊ မူးယစ်ဆေး ကုန်သွယ်မှု၊ အဓိကရုဏ်းနဲ့ ဆက်စပ်မှု စတာတွေအတွက် ကြိမ်ဒဏ်ချတာရှိ၊ သေဒဏ်ချတာလည်း ရှိပါတယ် တဲ့ ...
.
စင်္ကာပူနိုင်ငံဟာ အကျဉ်းသားတွေကို သေဒဏ်ပေး၊ ကြိမ်ဒဏ်ပေးတဲ့နေရာတွေမှာ နာမည်ကြီးတယ်လို့ အင်္ဂါနေ့ DPA သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

စင်္ကာပူမှာ ရက် ၉၀ ထက် ပိုပြီး အိုဗာစတေးဖြစ်ခြင်း၊ မူးယစ်ဆေး ကုန်သွယ်မှု၊ အဓိကရုဏ်းနဲ့ ဆက်စပ်မှု စတာတွေအတွက် ကြိမ်ဒဏ်ချတာရှိ၊ သေဒဏ်ချတာလည်း ရှိပါတယ် တဲ့။

ြ ပြစ်မှုကျူးလွန်တဲ့သူက အမျိုးသားဖြစ်မယ်၊ အသက်ကလည်း ၁၆ နဲ့ ၅၀ ကြား ဖြစ်မယ် ဆိုရင် ကြိမ်ဒဏ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ် တဲ့။
တကြိမ်ရိုက်ရင် ၂၄ ချက်အထိ ရိုက်နိုင်တယ်လို့ သတင်းက ဆိုတယ်။

၁ ဒဿမ ၂ မီတာကျော်ရှည်၊ ၁ ဒဿမ ၂ စင်တီမီတာ တုတ်တဲ့ ကြိမ် ဖြစ်ရပါမယ်။
ကြိမ်လုံးကို ရေစိမ်ထားတဲ့အတွက် ပိုပြီး အလေးချိန်စီးမယ်၊ ညွတ်ကွေးလွယ်တဲ့အတွက် ရိုက်တဲ့အခါ အဆင်ပြေမယ်လို့ ဆိုတယ်။

ပြစ်မှုကျူးလွန်သူက အသက် ၁၆ နဲ့ ၁၈ ကြား ဆိုရင်တော့ ကြိမ်လုံးရွေးချယ်မှုက နည်းနည်း ညှာညှာတာတာ ဖြစ်လိမ့်မယ်၊
(တကြိမ်)ရိုက်ခွင့်ပြုတဲ့ အရေအတွက်ကလည်း ဆယ်ချက်အထိပဲ ဖြစ်ပါလိမ့်မယ်။

ကြိမ်နဲ့ရိုက်မယ် ဆိုရင် အရိုက်ခံရသူကို ချုပ်နှောင်ထားမယ်၊ တင်ပါးကို ရိုက်မယ်လို့ ဆိုတယ်။

အရိုက်ခံရသူက ကျန်းမာရေးကောင်းဖို့တော့ လိုပါမယ်။
ရိုက်နေချိန်မှာ ဆရာဝန်တယောက်က အနားမှာ ရှိရမယ်၊ အရိုက်ရပ်ဖို့လိုအပ်မယ်လို့ ဆရာဝန်က ယူဆရင် အချိန်မရွေး ၀င်တားပါလိမ့်မယ်။

ဧရာဝတီ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform