Monday, 12 May 2014
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် လူငယ်တစ်ဦးထံမှ ရဲဌာနချုပ်တံဆိပ် ကပ်ထားသော ကားတစ်စီးနှင့်အတူ ရဲအသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိ
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် လူငယ်တစ်ဦးထံမှ ရဲဌာနချုပ်တံဆိပ် ကပ်ထားသော ကားတစ်စီးနှင့်အတူ ရဲအသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိ
Saturday, May 10, 2014
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်တစ်ဦးထံမှ ရဲဌာနချုပ်တံဆိပ်ကပ်ထားသော ကားတစ်စီးနှင့်အတူ ရဲအသုံးအဆောင် ပစ္စည်းများအား ဖမ်းဆီးသိမ်းဆည်း ရမိခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် ညနေ ၅ နာရီ ခန့်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် မင်္ဂ လာတောင်ညွန့်မြို့နယ်၊ ကန်/နောက် ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းနှင့် ၈၇ လမ်းထောင့်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တံဆိပ်နှင့် ကားနောက်နံပါတ်ပြားပေါ်တွင် Police စာတမ်းပါ တိုယိုတာ ပရိုဘောက်စ်ယာဉ် တစ်စီးအား တွေ့ရှိခဲ့ရပြီး သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ ယာဉ်ဘေးတွင် ယာဉ်ပိုင်ရှင်ဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုဇေယျာနောင် (ခ)ဇေယျာမင်း (ခ)အဒွတ် (၁၉)နှစ်နှင့်အတူ အပေါင်းအပါ တစ်ဦးအား တွေ့ရှိခဲ့ပြီး ယာဉ်အတွင်း ရှာဖွေစစ်ဆေးရာ စတီးလက်ထိတ် တစ်ကွင်းနှင့် ၎င်းသော့တစ်ချောင်း၊ အပြာ၊ အနီဝိုင်ယာကြိုး တပ်လျက် ၀ိုင်ယာလက်မီးလုံးနှစ်လုံး၊ အနက်ရောင် နံပါတ်တုတ်တစ်ချောင်း၊ မောင်သောင်း တံဆိပ်ပါ အရာရှိဆောင်း ပိကတ်ဦးထုပ်တစ်လုံး၊ လေးဆစ်ချိုး သံတုတ်အမည်းရောင် တစ်ချောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတံဆိပ် စတစ်ကာ ၂၄ ခု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲတံဆိပ်စတစ်ကာ ၂၆ ခု၊ Police စာတမ်းပါ အနက်ရောင် ကော်သေနတ်တစ်လက်၊ အဖြူရောင်ခရာတစ်ခု၊ ကူညီပါရစေ စာသားနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတံဆိပ်ကတ်ပေါ်တွင် ဇေယျာမင်း ပတ်စ်ပို့တစ်ခု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း စာသားပါ ကတ်ရှစ်ခုနှင့် Police စာတမ်းပါ အနက်ရောင်ပိုက် အင်္ကျီနှစ်ထည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ယာဉ်ပိုင်ရှင် ဇေယျာနောင်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း က (ပ)၃၁၅/၁၄ ပြစ်မှုပုဒ်မ ၁၇၀/၁၇၁ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment