စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 26 May 2014

အစာအဆိပ်သင့်မှု ဖြစ်ပွား၊ ကျောင်းသား (၁၂) ဦး အတွင်းလူနာ အဖြစ် ကုသမှုခံယူနေရ

မုံရွာ
                          အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ သဖြင့် ကျောင်းသား (၁၂) ဦး မုံရွာ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှုခံယူနေ ရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ် အတွင်းရှိ ထနောင်းကုန်း ပရဟိတ ကျောင်းတွင် ယမန်နေ့ က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ ထနောင်းကုန်း ပရဟိတကျောင်းတွင် မေလ (၂၅) ရက်နေ့  နံနက်ပိုင်းတွင် ကြာဇံကြော် ကျွေးမွေးခဲ့ပြီး၊ နေ့လယ်စာ အဖြစ် ၀က်သားဟင်း၊  ပဲကြီးနှပ်၊ မန်းကျည်းရွက် ချဉ်ရည်ဟင်း နှင့် ငါးဟင်း ကျွေးမွေးခဲ့ကာ ညနေစာ ကိုလည်း ၄င်း ဟင်းအကျန် များဖြင့် ကျွေးမွေး ခဲ့ကြောင်း သိရသည်။  မေလ (၂၆) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ကျောင်းသား (၂၀) ဦးမှာ မူးဝေအော့အန်ပြီး၊ အထက်လန် အောက်လျော ဖြစ်သဖြင့် ထနောင်းကုန်း ပရဟိတကျောင်းမှ နာယက ဆရာတော် ဦးဆောင်ကာ မုံရွာ ဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရကြောင်း ဆေးရုံ မှတ်တမ်းများ အရ သိရသည်။

                           မနေ့က ၀က်သားဟင်း၊ ပဲကြီးနှပ်၊ မန်ကျည်းရွက်ချဉ်ရည်ဟင်းနဲ့ ငါးဟင်းကျွေးတုန်းက ဘာမှမဖြစ်ခဲ့ဘူး။ ဒီနေ့ မနက်ပိုင်း ကျတော့ ကျောင်းသားတွေ ၀မ်းပျက်ဝမ်းလျောတွေ ဖြစ်ပြီး၊ အော့အန် တော့တာပဲ။ အခု ကျောင်းသားရှစ်ဦးက သက်သာလို့ ကျောင်းကို ပြန်ပို့လိုက်ပြီ။ ကျန်တဲ့ ကျောင်းသား (၁၂) ဦး ကတော့ အတွင်းလူနာ အဖြစ် ဆေးရုံကြီးမှာ ကုသမှု ခံယူနေရတယ် ဟု ထနောင်းကုန်း ပရဟိတကျောင်း မှ နာယက ဆရာတော် ဦးကောဝိဒ က မိန့်ကြားသည်။ အဆိုပါ ထနောင်းကုန်း ပရဟိတကျောင်းတွင် ကျောင်းသားပေါင်း (၇၅) ဦး ရှိပြီး၊ ကျောင်းသား (၂၀) ဦးသာ အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

                          ရေသောက်တော့ ရေတွေလည်း အန်တယ်။ ခဏခဏ အန်နေတယ်။ မနက်ကတည်းက ဖြစ်နေတာပါ။ ၀မ်းတွေလည်း သွားတယ်။ ခေါင်းလည်း မူးတယ်။ ဘုန်းကြီးကို သွားလျှောက်တော့ ဆေးရုံကို ကားနဲ့ လိုက်ပို့ပေးတယ်။ အခုတော့ နည်းနည်း သက်သာသွားပါပြီ ဟု ထနောင်းကုန်း ပရဟိတကျောင်းမှ  ဆဌမတန်းတက်နေသည့် ကျောင်းသား မောင်သန်းနိုင်ဝင်း က ပြော သည်။

                          အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ထနောင်းကုန်း ပရဟိတကျောင်းမှ ကျောင်းသားလူငယ်များမှာ အသက် (၄) နှစ် မှ (၁၅) နှစ်အကြား လူငယ်လေးများသာ ဖြစ်ကြောင်း ဆေးရုံမှတာဝန်ရှိသူ ဆရာဝန်များက  The Messenger သတင်းစာသို့ ပြောသည်။

လင်းလင်းမောင်

The Messenger

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform