စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 26 May 2014

KTV နှင့် Club များတွင် လုပ်ကိုင်သူများအတွက် အလုပ်ချိန် တရားဝင် သတ်မှတ်မည်

 ရန်ကုန်၊ မေ ၂၆

တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင် ယခင်က ထည့်သွင်းထားခြင်း မရှိသည့် ကာရာအိုကေခန်းမ (KTV)၊ Club များအပြင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အလှပြုပြင်ရေးဆိုင်များ၊ မိတ္တူကူးခြင်းလုပ်ငန်း၊ ကုန်သွယ်ရေး အလုပ်ဌာနများ၊ ဗီဒီယိုပြသရေး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် အဆင့်မြင့် ကိရိယာများကို ပြုလုပ်တပ်ဆင်ခြင်း စသည့် အလုပ်များကို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြဋ္ဌာန်းစဉ်က လုပ်ကိုင်နေကြသည့် လုပ်ငန်းများကိုသာ ယင်းဥပဒေတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ခေတ်နှင့် လျော်ညီခြင်း မရှိတော့သဖြင့် အလုပ်အကိုင် အမျိုးစားအသစ်များကို ထပ်တိုး ထည့်သွင်းခြင်း ဖြစ်ကြောင်း ဦးဝင်းရှိန်က ရှင်းပြသည်။

အလုပ်သမားများသည် တစ်ရက်အလုပ်ချိန် ရှစ်နာရီ လုပ်ကိုင်ရမည် ဖြစ်ပြီး ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့် ရမည်ဖြစ်ကြောင်း၊ အချိန်ပို ခိုင်းစေရာတွင်လည်း အလုပ်သမား သဘောတူမှသာ ခိုင်းစေရမည် ဖြစ်ပြီး ဆိုင်များတွင် တစ်ပတ်လျှင် အချိန်ပို ၁၂ နာရီသာ ခိုင်းစေခွင့် ရရှိမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

KTV ဆိုင် လုပ်ငန်းရှင် သူဌေးက နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် အကုန်စီစဉ်ပေးကြောင်း၊ အလုပ်ချိန်မှာ ဧည့်သည်ပေါ် မူတည်ကာ နံနက် ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ဖြစ်ကြောင်း မန္တလေးမြို့ရှိ KTV ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြစ်ကြီးနားမှ အသက် ၂၂ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“လခတော့ နည်းတယ်။ လေးသောင်းလောက်ပဲ ရတယ်။ One Section ဝင်မယ်ဆိုရင် အခန်းဝင်တဲ့သူက ကောင်မလေး ခေါ်ချင်ရင် spy တစ်လုံး မှာရတယ်။ ညီမတို့က ၅၀၀ ရတယ်။ ပြီးတော့ One Section ကို ၁၀၀၀ ရတယ်။ နာမည်ကြီး KTV တွေမှာ လုပ်နေတဲ့ ကောင်မလေးတွေက ရာခိုင်နှုန်းနဲ့ ရတယ်။ တချို့ဆိုင်တွေဆို ၁ သောင်းကို ၁၀၀၀ ပြန်ပေးတယ်” ဟု ကချင်တိုင်းရင်းသူလည်း ဖြစ်သူ ၎င်းကဆိုသည်။

အလုပ်ခိုင်းစေရာတွင် အသက်အနည်းဆုံး ၁၃ နှစ် ပြည့်ပြီးသူများကိုသာ ခိုင်းစေခွင့် ရှိကာ ၎င်းတို့ကို ခိုင်းစေရာတွင် ဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် ခိုင်းစေခွင့် ရရှိမည်ဖြစ်ပြီး အလုပ်သမားများကို လစာ ထုတ်ပေးရာတွင်လည်း လဆန်း ၇ ရက်နေ့ထက် နောက်မကျဘဲ ထုတ်ပေးရမည် ဆိုသည့် အချက်များလည်း ထည့်သွင်းထားကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်ရန် ၂၀၁၂ ခုနှစ်မှ စတင်ကာ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ILO ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform