စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 21 May 2014

မုံရွာမြို့အ၀င်မှာ ဆူဒိုအက်ဖီဒရင်းဆေးပြား(၄၄၀၀၀၀)ပြား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၁

၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ အမှတ်(၈) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မုံရွာ)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ မုံရွာမြို့အ၀င်၊ ““ဘန့်ဘွေး”” ယာဉ်ဖြတ်သန်း ခကောက်ခံရေး တိုးလ်ဂိတ်တွင် စောင့်ဆိုင်းနေစဉ် ကလေးမှ မန္တလေးသို့ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နေ ဟိန်းလင်းဇော်(ခ) မိုက်မိုက်(၃၅)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက်များဖြစ်သည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ယက္ကန်းဝင်းနေ စိုးသူရ(၂၅)နှစ်နှင့် မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ ဖလံကျင်းကျေးရွာနေ လှစိုးကျော်(ခ)ချက်ကြီး(၁၉)နှစ်တို့ လိုက်ပါလာသော ၉ခ/xxxx ““ထွန်းတောက်””ခရီးသည်တင် မှန်လုံယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေရာ ဆီတိုင်ကီနှင့်ဘက္ထရီခန်းကြားရှိ အံဝှက် အတွင်းမှ တစ်ထုပ်လျှင် ဆူဒိုအက်ဖီဒရင်းအာနိသင်ပါဆေးပြား(၁၁၀၀၀)ပြားစီပါ ၄၀ ထုပ်၊ စုစုပေါင်း ဆေးပြား(၄၄၀၀၀၀)ပြား၊ အလေးချိန်(၃၆)ကီလို၊ တန်ဘိုးငွေကျပ်(၄၄၀)သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် ဟိန်းလင်းဇော်(ခ)မိုက်မိုက် ပါ(၃)ဦးအား မုံရွာနယ်မြေရဲစခန်း မယ(ပ)၈/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform