စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 21 May 2014

မိန်းမကိုယ်အတွင်း စိတ်ကြွဆေး သယ်ဆောင်လာသော အမျိုးသမီးကိုဖမ်းမိ

 ခရီးသည်တင်ယာဉ်ပေါ် ရှိ အမျိုးသမီး တစ်ဦး၏ မိန်းမ ကိုယ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဝှက်ကာ သယ်ဆောင်လာသည်ကို ဖမ်းမိကြောင်း သတင်းရရှိသည်။

   မေလ ၁၉ ရက်နံနက် ၂ နာရီအချိန်က ရှမ်းပြည်နယ်၊ လားရှိုးမှ မူးယစ်ဆေးဝါး
တားဆီး နှိမ်နင်းရေး ရဲများသည် နောင်ချို မြို့အဝင် အေးရှားဝေါလ်တိုးဂိတ် အနီးတွင် လားရှိုးမှ
မန္တလေးသို့ မောင်းလာသည့် ခရီးသည်တင် ယာဉ်ကိုရှာဖွေခဲ့ရာ အမျိုးသမီးတစ်ဦး၏ မိန်းမကိုယ်အတွင်း
ဝှက်ယူလာသောပလတ်စတစ်အိတ်ဖြင့်ထုတ်ထားသည့် 88 နှင့် 1 စာတန်းများပါ တန်ဖိုးကျပ် ၄၂ သိန်းတန် စိတ်ကြွရူးသွပ်ဆေးပြား၂၁၀၀ ကိုတွေ့ခဲ့သည်။

ထို့ကြောင့် ၎င်းအမျိုးသမီး ကို နောင်ချိုမြို့မရဲစခန်းမှ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)ဖြင့်အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

အလားတူ မူဆယ်တွင် ပါဂျဲ ရိုးကားတစ်စီးပေါ်မှ ကျပ်သိန်း ၉၀၀ ကျော်တန်သည့်စိတ်ကြွရူး သွပ်ဆေးပြားလေးသောင်းခန့်နှင့် ဘိန်းဖြူဘလောက်တုံးများဖမ်းမိ ကြောင်းသတင်းရရှိသည်။

ရှမ်းပြည်နယ်၊ မူဆယ်မှ မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ များသည် မေလ ၁၈ ရက်နံနက်က နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေး ရွာကူးတို့ဆိပ်အနီးလမ်းမပေါ် တွင် စောင့်ဆိုင်းနေစဉ် နမ့်ခမ်းမြို့ မှ မန့်ဟောင်းကျေးရွာ ကူးတို့ ဆိပ်ဘက်သို့မောင်းလာသည့် ပါဂျဲရိုးကားကိုစစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းတွင် ကျပ် ၉၃၂ သိန်းတန် WY, 88 နှင့် 1 စာတန်းများ ပါသည့်  စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀၀ ပြားနှင့် ဘိန်းဖြူဘလောက်တုံးနှစ်တုံးတွေ့ခဲ့ ကြောင်းရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

  ထို့ကြောင့် ယာဉ်မောင်း အမျိုးသားကို နမ့်ခမ်းမြို့မရဲစခန်း မှ  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Author: သန်းဌေး
7Day Daily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform