စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 27 May 2014

တောင်ငူ - ဖြူး ခရီးသည်တင်ယာဉ် တိမ်းမှောက် (၁၃)ဦး ဒဏ်ရာရရှိ

ခရီးသည်တင်ယာဉ် တိမ်းမှောက် (၁၃)ဦး ဒဏ်ရာရရှိ
------------------
မေလ (၂၃)ရက်နေ့၊ နံနက်(၉)နာရီ အချိန်ခန့်က အုတ်တွင်းမြို့နယ်တွင် တောင်ငူ - ဖြူး ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်(၉)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တောင်ငူမြို့မှ ဖြူးမြို့သို့ ယာဉ်မောင်း ဝင်းဟန်အုန်း (၄၃) နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်ဝင်း (၄၁)နှစ်တို့ လိုက်ပါလာသော ၈ဆ/--- လိုက်ထရပ်ယာဉ်သည် ခရီးသည်(၉)ဦး တင်ဆောင်၍ မြောက်မှ တောင်သို့ ရန်ကုန်-မန္တလေးကားလမ်း အတိုင်း မောင်းနှင်လာရာ ကျွဲပွဲမြို့မြောက်ဘက် မိုင်တိုင် အမှတ်(၁၆၃)အနီး အရှိန်လွန်ကာ လမ်းအရှေ့ဘက်သို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည်။ ယာဉ် တိမ်းမှောက် မှုကြောင့် ယာဉ်မောင်း ယာဉ်နောက်လိုက် အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသမီး(၉)ဦး၊ ဒဏ်ရာ အသီးသီး ရရိခဲ့သဖြင့် အုတ်တွင်းမြို့နယ် ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ကျွဲပွဲနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၄ ပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
MOI

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform