စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 26 May 2014

ဆင်သားရေနှင့် လိပ်ခွံများ မူဆယ်တွင် အများအပြားဖမ်းမိ

တရုတ်နိုင်ငံသို့ပို့မည့် ဆင်သားရေ ၂,၅၀၀ ခုကျော်နှင့် လိပ်ခွံ ၃၀၀ ကျော်အား မူဆယ်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ပစ္စည်းပိုင်ရှင်ကုန်သည်အမျိုးသမီးတစ်ဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

မေလ ၂၅ ရက်က ရှမ်းပြည် နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ် စော်ရပ်ကွက်ရှိ အိမ်တစ်အိမ်ကို ခရိုင်နှင့် မြို့နယ်အဆင့် ရဲတပ်ဖွဲ့ နှင့်သစ်တောဦးစီးဌာနအရာရှိ များဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့ပို့ရန် ကုန်တင်ကားပေါ်တင်နေစဉ် အဆိုပါ တောရိုင်း တိရစ္ဆာန်နှင့်  သစ်တောထွက်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းမူဆယ်ခရိုင် ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးက ပြောသည်။

 ‘‘အိတ်တစ်အိတ်ကို ဆင် သားရေ အခု ၄၀ လောက်ပါမယ်။ ၆၅ အိတ် ဖမ်းမိတာ။ အရေအ တွက်နဲ့ ပစ္စည်းတန်ဖိုးအတိအကျ ကိုတော့ သစ်တောဦးစီးဌာနမှာ စစ်ဆေးနေတုန်းမို့လို့ မပြောနိုင် သေးပါဘူး။ ဒီလောက် ပမာဏ အများကြီးကိုတော့ မူဆယ်မှာ တစ်ခါမှ ဖမ်းမမိဖူးသေးဘူး’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ဆင်သားရေ ၄၀ ခန့်ထည့် ထားသည့် အိတ်ပေါင်း ၆၅ အိတ် နှင့် လိပ်ခွံ ၅၀ ခန့်စီ ထည့်ထား သည့် ခုနစ်အိတ် ဖမ်းမိခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ပို့ရန် ကုန်တင် ကားသုံးစီးပေါ်သို့ တင်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တောရိုင်း တိရစ္ဆာန်အရေခွံများအပြင် တမ လန်းသစ်များလည်း အဆိုပါအိမ် မှ ဖမ်းမိခဲ့ပြီး ယင်းပစ္စည်းများ အားလုံး မြို့နယ်သစ်တောဦးစီး ဌာနသို့ လွှဲပြောင်းပေးထားသည်။

မူဆယ်မြို့နယ်သစ်တောဦး စီးဌာနကို ဆက်သွယ်မေးမြန်းရာ ဖမ်းမိသည့် ပစ္စည်းအရေအတွက် ကို စစ်ဆေးနေဆဲဖြစ်ပြီး မပြော နိုင်သေးကြောင်း တာဝန်ကျဝန် ထမ်းတစ်ဦးက ပြောသည်။ အိမ် ပိုင်ရှင် အမျိုးသမီးကို မူဆယ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကာ စစ်ဆေးလျက်ရှိသည်။

တရုတ်နိုင်ငံတွင် ဆင်သား ရေ အမှုန့်ကြိတ်၍ ပရဆေးအဖြစ်ဖော်ကြောင်း ကုန်သည်များက နှစ်လက်မခန့်အထူရှိသည့် ဆင်သားရေကို အချပ်လိုက်သယ်ခြင်းမဟုတ်ဘဲ တစ်ပေပတ်လည်ခန့် ပိုင်းကာ နည်းမျိုးစုံသုံး၍ တရုတ်နိုင်ငံသို့ မှောင်ခိုပို့လေ့ရှိကြောင်း မူဆယ်မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းတစ်ဦးက ပြောသည်။

အာရှဆင်ဖောင်ဒေးရှင်း၏ ၂၀၁၃ ခုနှစ်က ထုတ်ပြန်သော စာရင်းအရ ကမ္ဘာပေါ်တွင် ဆင် ကောင်ရေ ရှစ်သောင်းကျော်ပြီး မြန်မာနိုင်ငံတွင် ငါးထောင်ကျော်ရှိသည်။

Author: အောင်သစ်လွင်
7Day Daily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform