စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 20 May 2014

ကိုရီးယား ကမ်းခြေစောင့်တပ် သမ္မတ ဖျက်သိမ်း

ကိုရီးယား ကမ်းခြေစောင့်တပ် သမ္မတ ဖျက်သိမ်း

တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၃၀ဝ ကျော် သေဆုံးသွားခဲ့ရတဲ့ ကူးတို့ သင်္ဘော နှစ်မြုပ်ခဲ့ရမှုမှာ ကမ်းခြေစောင့် တပ်ဖွဲ့က တုံ့ပြန် ဆောင်ရွက်မှု အားနည်းခဲ့တာကြောင့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းပစ်ဖို့ သမ္မတ ပတ်ဂွန်ဟေးက ကြေညာလိုက်ပါတယ်။

ရုပ်သံကနေ နိုင်ငံကို မိန့်ခွန်း ပြောကြားရာမှာ ပတ်ဂွန်ဟေးက သင်္ဘော နှစ်မြုပ်စဉ် ကမ်းခြေစောင့် တပ်ရဲ့ ပထမ အဆင့် ဆောင်ရွက်မှုတွေဟာ ဘာမှ ထိရောက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

အခုတော့ ကမ်းခြေစောင့်တပ်ရဲ့ ကယ်ဆယ်ရေး လုပ်ငန်း တာဝန်တွေကို နိုင်ငံတော် အရေးပေါ် လုံခြုံရေး အေဂျင်စီကို လွှဲပြောင်းတော့မှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

စုံစမ်း စစ်ဆေးမှုတွေကိုတော့ ရဲတပ်ဖွဲ့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေနဲ့ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ရှိသူတွေ အကြား ပူပေါင်း လိမ်ညာမှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်သွားမယ် လို့လည်း ကတိပေးသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform