စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 23 May 2014

ဘောင်းဘီအောက်လျှော မဝတ်ရ ဥပဒေထုတ်

 အမေရိကန် ပြည်ထောင်စု တန်နက်စီပြည် နယ်မှာ ထူးခြားတဲ့ ဥပဒေ စည်းမျဉ်း တစ်ခုကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီဥပဒေ စည်းမျဉ်းကတော့ ဘောင်းဘီ ဝတ်တဲ့အခါမှာ တင်ပါးအောက် သုံးလက်မလျှော့ချကာ မဝတ်ရဆိုတဲ့ စည်းမျဉ်း ဥပဒေဖြစ်ပါတယ်။

ပီကီဘဲလေ့စီရင်စုတွေမှာရှိတဲ့ မြို့နယ် ကောင်စီကလည်း တညီတညွတ်တည်း အဆိုပါ စည်းမျဉ်းဥပေဒကို အတည်ပြုခဲ့ကြပါတယ်လို့ သိရ ပါတယ်။ တန်နက်စီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ လူငယ်တွေ မတော်မတရားဝတ်စားဆင်ယင်မှုများ ပပျောက်ရန် သက်ဆိုင်ရာအရာရှိများကလည်း ထုတ် ပြန်ကြေညာထားခဲ့ကြောင်းကို မြို့တော်ဝန် Phil Cagle က တိုင်းမ်သတင်းစာကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဥပဒေစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့သူတွေက ၂၅ဒေါ်လာနီးပါး ပေး ဆောင်ရမယ်ဖြစ်တယ်လို့ သိရပါတယ်။
ယင်းပြည်နယ်ဥပဒေက စည်းမျဉ်း စည်းကမ်းက မတော်မတရား ဝတ်စားဆင်ယင် မှုပပျောက်ရန် ရည်ရွယ်ကာ ဘောင်းဘီဝတ် ဆင်ရာတွင် တင်ပါးအောက်သုံးလက်မထက် လျှော့ချမဝတ်ဆင်ရလို့ ဥပဒေထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: UPI

Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉
Yangon Media Group

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform