စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 20 May 2014

ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာရဲ ၄ ဦးကျဆုံး

 မြန်မာနယ်ခြားရဲတပ်ဖွဲ့နဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ဒီနေ့မနက် ၉ နာရီခွဲလောက်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ အမည်မဖေါ်လိုတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးဟာ မိုင်တိုင် ၅၂ ခေါ် နတ်ရေကန်စခန်းဖက်ကို ဒီနေ့မနက်က သွားရောက်စဉ်မှာ အသင့်စောင့်နေတဲ့ RSO အင်အား ၆၀ လောက်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ ခိုလှုံနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလ ၁၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ၀င်ရောက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တဖွဲ့နဲ့ မြန်မာနယ်ခြားစောင့်တပ်တို့ မေလ ၁၃ ရက် မနေ့က မနက်အစောပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၃၉ အနီးမှာ RSO ရိုဟင်ဂျာ လက်နက်ကိုင် ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က RFA ကို အတည်ပြု ပြောပါတယ်။

၁၅ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform