စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 24 May 2014

သြကာသနဲ့  ဘာကြောင့် ကန်တော့ရသ

သြကာသနဲ့  ဘာကြောင့် ကန်တော့ရသလဲ


သြကာသ ဆိုတာ ခွင့်ပေးပါလို့  ခွင့်တောင်တာ၊ အပြည့်အစုံဆိုရင်...
သြကာသံ ဒေထ၊ သြကာသံ ဒေထ၊ သြကာသံ ဒေထ လို့  ဆိုရမယ်။
ခွင့်ပေးတော်မူပါ ဘုရား လို့  သုံးကြိမ်တောင်းပန်တာကလား။
ဘာလို့ ခွင့်တောင်းရတာတုန်းလို့  မေးကြည့်။
တပည့်တော်တို့  ကိုယ်နှုတ်စိတ်ထား သုံးပါးများနဲ့ ပြစ်မှားမိခဲ့ တဲ့ 
အပြစ်ဟူသမျှတို့ ကို ပျောက်ကင်းစေချင်လို့ ပါဘုရားလို့ 
အဖြေပေါ်လာတယ်။

ဟုတ်ပြီ၊ ဘယ်မှာ ပြစ်မှားထားသတုန်းလို့ ဆက်မေး၊
ဘုရားအဆူဆူအပေါ်၊ တရားသံဃာအဆူဆူတို့ အပေါ်မှာပါ ဘုရားလို့ 
အဖြေထွက်လာမယ်။
ပြစ်မှားခဲ့ပုံ၊ ပြစ်မှားနေပုံတွေကတော့ ဒီဘ၀ဗုဒ္ဓဘာသာဝင်မှာတောင်
မနည်းလှပါဘူး။
သားတို့ ချင်း ခရီးသွားမည်ကြံလျှင် ဟေ့ကောင် .. သုတ်သုံးကျမ်း
နားလည်ရမတဲ့ကွ၊ မင်းသုတ်သုံးကျမ်း သိရဲ့ လား။
စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ် ပြောတာကွရယ်လို့ 
ဘုရားရှင်ဟောကြားထားခဲ့တဲ့ သမာဓိပိုင်းဆိုင်ရာ သုတ်မဟာ၊
သုတ်သီလက္ခန်၊ သုတ်ပါတေယျများကို သရော်ထားတယ်မဟုတ်လား။
ဒါ ဒီဘ၀မှာပဲ တရားတော်အပေါ်ပြစ်မှားပုံ...သားတို့ ရပ်ထဲမှာ
အငြိမ့် ကဇာတ်က တဆင့်ရထားတဲ့ တရားပြက်လုံးတွေ အများကြီးပါပဲ။
ဘုရားဖျက် သံဃာဖျက် ဖျက်ထားတဲ့ ပြက်လုံးတွေလည်း မနည်းပါဘူး။

ဒီဘ၀သာမဟုတ် ဘ၀တိုင်း၊ ဒီကမ္ဘာသာမဟုတ် ကမ္ဘာ့ကမ္ဘာမှာပေါ့။
ဒီဘုရားသာမက ဘုရားအဆူဆူ၊ ဒီသံဃာမျှမက တရားတော်အစားစား၊
သံဃာအများအပြားပါပဲ၊ မပြစ်မှားဖူးခဲ့သည်မရှိ၊ တစ်ကြိမ်မဟုတ်
တစ်ကြိမ်၊ တစ်ကွေ့ မဟုတ် တစ်ကွေ့ ပြစ်မှားခဲ့ဖူးကြတာချည်းပဲ၊
ကုန်ကုန်ပြောရလျှင် သားတို့ သမီးတို့ ကလည်း ခွေးဘ၀ရောက်နေတုန်း
ဘုရားကလည်း အပွင့်၊ သားတို့ နဲ့  ဘုရား တစ်ခုသောလမ်းကြား
ရင်ဆိုင်တွေ့ ကြစဉ် ဘုရားကို မိုက်ကြည့်ကြည့်ပြီး ဟောင်ခဲ့သည်မှာ
အမှန်၊ သံဃာကို ဟိန်းဟောင်ခဲ့သည်မှာလည်း အမှန်ပါပဲကွယ်။

ဒီဘုရားအဆူဆူ၊ တရားအစားစား၊ သံဃာအများအပြား အပေါ်
ပြစ်မှားမိခဲ့တဲ့ မိုက်ပြစ်၊ မသိပြစ်၊ မလိမ္မာပြစ် အားလုံးကို တကယ်လည်း
ဆင်ခြင်ဥာဏ်နဲ့  မြင်သိ၊ တကယ်လည်း ကင်းပျောက်လိုတဲ့ 
ဆန္ဒကလည်းရှိမှ အပြစ်ကကျေမှာ၊ ဆိုကျင့်ပါလို့ ဆိုရုံနဲ့ တော့
စင်းလုံးချော မကျေပျောက်နိုင်ဘူး။

ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်သော်မှ ဟိုရှေးအလွန်ဘ၀များက
ရတနာသုံးပါး ပြစ်မှားဖူးလို့  ၀ိပါက်တော်များ ခံယူတော်မူရတာ၊
လူသာမာန်တို့ က ဆိုဖွယ်ရာမရှိ၊ ဒါကြောင့်
နှစ်သက်သလို ၀န်ချတောင်းပန်ကြဆိုတော့မှ ပထမ ဒုတိယ စသည်မှ
အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်
မာန်လျော့ ကန်တော့ပါ၏ဘုရား ဆိုတဲ့ ၀န်ချတောင်းပန်ခန်း
ဆိုက်လာတယ်...။

သည်သြကာသ ကန်တော့ခန်းကို အတိုချုံးပြီး အဓိပ္ပါယ်ဖွင့်ပြရလျှင်
"တပည့်တော် တပည့်တော်မတို့သည် ....
ဘ၀အဆက်ဆက် သံသရာ အဆက်ဆက်တုန်းက ဘုရားအဆူဆူ
တရားအဆူဆူ၊ သံဃာအဆူဆူ တို့ အပေါ် မသိမိုက်မှား စော်ကား
ကျူးလွန်ခဲ့တဲ့ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု၊ အပြစ်ကြီး
အပြစ်ငယ် အသွယ်သွယ်တို့ ကို ထိုအားလုံးတို့  ကိုယ်တော်
အရှင်ဘုရားထံပါးမှာ ၀န်ချတောင်းပန်လိုပါတယ်ဘုရား၊
အကယ်၍သာ အရှင်ဘုရားက ထိုဘုရားအဆူဆူ၊ တရားအဆူဆူ၊
သံဃာအဆူဆူတို့ ကိုယ်စားကျေအေးစကား ဆုပေးသန်ားခဲ့မယ်ဆိုလျှင် တပည့်တော်များ အပါယ်လေးပါးအစ၊ ဗျဿနအဆုံးရှိသော ၀ဋ်ဒုက္ခ
အားလုံးတို့ မှ လွတ်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန်လမ်း
တန်းတန်းကြီးသွားချင်ပါတယ်ဘုရားတဲ့။

ဒါကြောင့် သြကာသဟာ ပေါ့သေးသေးမဟုတ်၊ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ 
ရယ်ရွယ်ချက်နဲ့  လမ်းစဉ်ကြေငြာချက် ဖြစ်တယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန်စုစည်းသော
ဘာ့ကြောင့် ၁+ ၂ ပေါင်းချုပ်စာအုပ်မှ)

တရားကိုပေးလှူပါသည်
ရွှေအိမ်စည်စာကြည့်တိုက်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform