စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 19 May 2014

ဝက်စီးပြီး မြို့အနှံ့ လျှောက်သွားမယ်

ဝက်စီးပြီး မြို့အနှံ့ လျှောက်သွားမယ်


                    


တရုတ် နိုင်ငံ၊ ချောင်းတွင်းမြို့မှာ ရှိတဲ့ အသက် (၆၈) နှစ် အရွယ် လယ်သမား အဘိုး အို တစ်ဦး ဟာ ၀က်တစ်ကောင် ကို စီးနင်းပြီး မြို့ အနှံ့ လျှောက် သွား ခဲ့ပါတယ်။ အလေးချိန် ကီလို (၂၅၀) ခန့်ရှိပြီး သုံးပေ လောက် မြင့် တဲ့ ၀က်တစ်ကောင် ကို လူက စီးနင်း နေတဲ့ မြင် ကွင်း ဟာ အံ့အား သင့်စရာ ဖြစ်ခဲ့ ပါတယ်။ ဒီ လယ်သမားအဘိုးအိုဟာ ၀က်တွေနဲ့ နှစ်ပေါင်း (၃၀)နီးပါး ရင်းနှီးစွာ နေထိုင် လာခဲ့ တာမို့ ၀က်တွေရဲ့ စရိုက် လက္ခဏာကို ကောင်းစွာ သိရှိထားပါတယ်။ လည်ချောင်းနာဝေဒနာ ခံစားရပြီးတဲ့နောက် လယ်သမား အဘိုးအို ဟာ လမ်းကောင်းစွာ လျှောက်နိုင်ခြင်း မရှိတာမို့ ၀က်တွေကို အားပြုပြီး သွားလာ နေရတာ ဖြစ် ပါတယ်။ ၀က် တစ် ကောင်ကို စီးနင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ လယ်သမား အဘိုး အို ဟာ တုတ်တစ်ချောင်း (သို့မ ဟုတ်) အစာ တစ်စုံကို ကိုင်ကာ ၀က်တွေကို ထိန်းကြောင်း ပြီး သွားလာခဲ့ပါတယ်။ မိုးရွာတဲ့ အချိန်မှာ လည်း ထီးဆောင်းပြီး သွားလာလေ့ရှိပါတယ်။ 
 
လယ်သမားအဘိုးအိုကို မြို့ရဲ့ နေရာ အနှံ အပြား မှာ ၀က်စီးပြီး သွား လာ နေတာကို အမြဲတမ်း တွေ့မြင်ရတယ်လို့ မြို့ခံတွေကဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ၀က်သားစားသုံးမှု အများဆုံး ဒေသအဖြစ်သတ်မှတ်ခံထားရပြီး ကမ္ဘာ့ ဒေသ အနှံ့က ၀က်တွေရဲ့ထက်ဝက်ခန့်ကို စားသုံးလေ့ ရှိပါ တယ်။ အမေရိကန်အခြေစိုက် ၀က်သား ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဟာ ပြီးခဲ့တဲ့နှစ်မှာ တရုတ်နိုင်ငံကို ၀က်သား တင်ပို့ မှု ပြုလုပ်ခဲ့ရာ ပေါင် (၄ ဒသမ ၂) ဘီလီယံဝင်ငွေ ရရှိခဲ့တယ် လို့ သိရပါတယ်။ ၀က်တစ်ကောင်ရဲ့ ဈေး နှုန်း ဟာ မော်တော်ကားထက်နည်းနေတဲ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း အထောက် အကူဖြစ် စေ တာမို့ ၀က်ကို စီးတော်ယာဉ်အ ဖြစ် အသုံးချခဲ့တဲ့ လယ်သမားအဘိုးအိုရဲ့လုပ် ရပ်က ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

Messenger News Journal

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform