စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 26 May 2014

ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်မောင်းဖမ်းမမိသေး

အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၃ ဦး မီးလောင် သေဆုံးသည့်ဖြစ်စဉ် တွင် ခရီးသည်များကို ကားတံခါး ပိတ်ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ် မောင်းကို ဖမ်းဆီးမမိသေးကြောင်း ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့ရဲမှူးဝင်းထွဏ်းအောင်ကပြောသည်။

  ‘‘ဖမ်းမိဖို့ကြိုးစားနေပါ တယ်။ သာဂရရဲတပ်ဖွဲ့ရော၊ သူ နေထိုင်တဲ့ နွယ်သာကီအပိုင် ရဲတပ်ဖွဲ့ရော ပူးပေါင်းပြီး ဖမ်းမိဖို့ ကြိုးစားနေပါတယ်။ သူ့ယာဉ်လိုင်းကိုလည်း ဆက်သွယ်လာရင်အကြောင်းကြားပြောထားပါတယ်။သူ့မိန်းမဆီကိုလည်း အ၀တ်အစားပစ္စည်းတွေလာယူရင် ဆက်သွယ်ဖို့ပြောထားပါတယ်’’ဟု  ရဲမှူးဝင်းထွဏ်းအောင်ကပြောသည်။

  ထွက်ပြေးတိမ်းရှောင်နေ သော ယာဉ်မောင်း ဦးအောင်ဇေ ယျသည် မြောက်ဥက္ကလာပမြို့ နယ် နွယ်သာကီရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

 တောင်ပြာတန်းခရီးသည် တင်ယာဉ်မောင်းဦးအောင်ဇေယျ အား ဖြူးအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၅၊ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ဧပြီ ၁၂ ရက် နံနက်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာ သော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီး ကို ၀င်တိုက်ခဲ့ရာ ဆလွန်းကားငယ်၏ ဆီတိုင်ကီပေါက်၍ မီးလောင်မှုဖြစ်ပွားပြီး ဆလွန်းကားငယ်ကို ပိမိနေသော တောင်ပြာတန်းကားကြီးပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။ ယင်းသို့ မီးကူးစက်ခဲ့သော်လည်း တောင်ပြာတန်းယာဉ်မောင်း အမျိုးသားနှင့် ယာဉ်နောက်လိုက်တို့သည်ကားတံခါးကိုပိတ်၍ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း အဆိုပါတောင်ပြာတန်း ကားပေါ်မှ အသက်ရှင်လွတ်မြောက်ခဲ့သော ခရီးသွားဒေါ်သန်းသန်းဝင်းကပြောသည်။

အဆိုပါကားမီးလောင်ရာ တွင် ကားပေါ်ပါသူခရီးသည် ၄၄ ဦးအနက် ၇ ဦးသေဆုံးခဲ့ပြီး လွတ်မြောက်သွားသူများမှာ ကားနောက်ပိုင်းရှိ တစ်ပေခွဲခန့်ရှိမှန်ကို ခွဲ၍ လွတ်မြောက်သွားကြခြင်းဖြစ်သည်။

  တောင်ပြာတန်းခရီးသည် တင်ယာဉ် ၀င်တိုက်မှုကြောင့် ကားဆီတိုင်ကီပေါက်၍ ဆလွန်းကားပေါ်မှ မီးလောင်သေဆုံးခဲ့သော မိသားစုမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးမြင့်ဦး၊၎င်း၏ ဇနီးနှင့် အသက်ခြောက်နှစ်အရွယ်သားငယ်တစ်ဦးအပါအ၀င် လိုက်ပါလာသူသုံး ဦးတို့ဖြစ်သည်။

Author: ငြိမ်းချမ်း
7Day Daily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform