စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 26 May 2014

ရန်ကုန်ရှိ ကျောင်းအချို့ဝင်ခွင့်ငွေကြေး ကောက်ခံနေဆဲဖြစ်

ရန်ကုန်မြို့ရှိ  အချို့ ကျောင်း များတွင် ယခု ကျောင်း အပ်ရာသီ မူလတန်း စတင်တက် ရောက်မည့် ကျောင်း သား၊ ကျောင်းသူ များနှင့် ကျောင်းပြောင်းရွှေ့ လာသည့် ကျောင်းသား၊ ကျောင်း သူများထံမှ ကျောင်း ၀င်ခွင့် အ တွက် အလှူငွေ ကောက်ခံ မှုများ ရှိနေဆဲ ဖြစ်ကြောင်း ကျောင်း သား မိဘများ ထံမှ သတင်း ရရှိသည်။

‘‘ကျောင်းအပ်ခ၊ ဘာညာ ဘာမှ မပေးရဘူး။ ၀င်ခွင့်စာရင်း ပါဖို့ အတွက်ကိုပဲ  တစ်သိန်းခွဲပေး ခဲ့ရတယ်။ ဒါတောင် အရင်နှစ်တွေထက် လျှော့ယူထားတာတဲ့။ ဗဟန်း (၂) ကိုဝင်ဖို့အတွက်က ဒီလိုအနီးအနား ကျောင်းတွေမှာ ထားရတယ်’’ ဟု ဗဟန်းမြို့နယ်ရှိ အခြေခံပညာကျောင်းတွင် မူလ တန်းအပ်နှံခဲ့သည့် ကျောင်းသား မိဘ ဒေါ်မလေးက ပြောသည်။

ယခု ပညာသင်နှစ်အတွက် မူလတန်းနှင့် အလယ်တန်း အ ဆင့်မှာ အခမဲ့ပညာရေးစနစ်ဖြစ် ပြီး ပြဋ္ဌာန်းစာအုပ်၊ ကျောင်းလခ၊ အားကစား၊ စာရေးကိရိယာ၊ စာ ကြည့်တိုက်ကြေးနှင့် မိဘဆရာ အသင်းကြေး ပေးသွင်းစရာမလို ဘဲ အထက်တန်းအဆင့်တွင်သာ န၀မတန်းအတွက် မိဘဆရာအသင်းကြေး ငွေကျပ် ၅၀၀၊ ကျောင်းလခ ငွေကျပ် ၉၀၀ နှင့် ပြဋ္ဌာန်းစာအုပ်ဖိုး ၃၅၀၀ ကျပ် ၀န်းကျင်၊ တက္ကသိုလ်ဝင်တန်းအ တွက် မိဘဆရာအသင်းကြေး ငွေကျပ် ၅၀၀၊ ကျောင်းလခ ငွေ ကျပ် ၁၀၀၀ နှင့် ပြဋ္ဌာန်းစာအုပ် ဖိုး ၃၅၀၀ ကျပ်သာ ပေးသွင်းရ မည်ဟု သိရသည်။

‘‘ကျောင်းစအပ်အပ်ချင်းမှာ တစ်ပြားမှမပေးရဘူး။ ကျောင်း တက်တော့မှ ဘာကြေး၊ ညာ ကြေးတွေဆိုပြီး ကောက်တာမျိုး တွေတော့ရှိတယ်’’ ဟု အ.ထ.က (၁) ဒဂုံတွင် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသားမိခင် ဒေါ် ကြည်ပြာက ပြောသည်။

အလားတူပင် ကျောင်းပြောင်းရွှေ့လာသည့် ကျောင်းသား၊ကျောင်းသူသစ်များအား ကျောင်း ၀င်ခွင့်အနေဖြင့် ငွေကြေးကောက် ခံမှုများရှိနေသည်။

‘‘ကျောင်းပြောင်းပြီး အသစ် လာအပ်တဲ့ ကလေးတွေဆိုရင် နားလည်မှုနဲ့ ကျောင်းရန်ပုံငွေဆို ပြီး ၀င်ခွင့်ရဖို့ လှူခဲ့ရတယ်။ ကျန် တာတော့ ကျောင်းလခတို့ ဘာ ကြေး၊ ညာကြေးတွေ သွင်းရတာ မျိုးတော့ မရှိဘူး’’ ဟု ဒဂုံမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင် အပ်နှံခဲ့သည့် ကျောင်းသားမိဘ မမိုးမိုးက ပြောသည်။

ကျောင်းအပ်နှံရေး နေ့တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံစဉ် အလှူငွေ ကောက်ခံခြင်းများရှိ၍ အထောက် အထားအပြည့်အစုံဖြင့် တိုင်ကြားပါက အဆိုပါကျောင်းကို စုံစမ်းစစ်ဆေးရေး၍ အရေးယူသွား မည်ဖြစ်ကြောင်း အမှတ် (၃) အ ခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းဇော်က ပြော သည်။

ပညာရေးဝန်ကြီးဌာနက ယခု ပညာသင်နှစ်အတွက် အခြေခံ ပညာ ကျောင်းများ၌ ကျောင်း အပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားသည်။

Author: ဇော်မျိုးလှိုင်
7Day Daily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform