စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 21 May 2014

ကျောက်ဆည်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွား၊ ကလေးငယ်တစ်ဦး သေဆုံး

ကျောက်ဆည်၊ မေ ၂၁

 ကျောက်ဆည်မြို့နယ်၊ တောင်နံသာရပ်ကွက်တွင် မေလ (၂၀) ရက် ည (၉း၂၇) နာရီတွင် ဖယောင်းတိုင်မီး ဆော့ရာ ခြင်ထောင်မီးစွဲမှုမှတဆင့် နေအိမ်မီးလောင်သောကြောင့် မချောစုလင်း အသက် (၆) နှစ်အရွယ် ကလေးတစ်ဦး မီးလောင်သေးဆုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ၂၈ ပေ x ၂၁ ပေ (၄x၃) ပင် ဝါးကပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်ကိုလည်းကောင်း၊ နေအိမ်ပေါ်ရှိ အသက် (၆) နှစ်အရွယ် မချောစုလင်း (အဖ) ဦးသန်းဌေးမှာ မီးလောင်ခဲ့ပြီး သေဆုံးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်းဖိုးမှာ (၂၉၄၀၀၀) ကျပ် ဖြစ်ပြီး အိမ်ရှင် ဦးသန်းဌေး (၂၈) နှစ် (အဖ) အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၄၁/၁၄ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ရာသို့ ကျောက်ဆည်မြို့ နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၃) စီးနှင့်အတူ သန္ဓေတပ်ဖွဲ့ဝင် (၁၂) ဦးတို့နှင့်အတူ ရပ်ကွက်သူရပ်ကွက်သားများ ဝိုင်းဝန်းငြှိမ်းသတ်သောကြောင့် ည(၉း၃၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar




0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform