စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 21 May 2014

နေ့ခင်းကြောင်တောင် အတင့်ရဲစွာ ကားလုယက်သူအား ချက်ချင်းဖမ်းမိ

၂၁.၅.၂၀၁၄ ရက်နေ့  နေ့လည်  ၁ နာရီ ၂၅ မိနစ်ခန့်က  အင်းလျားလမ်းပေါ်  ဘင်္ဂလားဒေ့ရှ်သံရုံးမျက်စောင်းထိုး ပညာရေးဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဗဟန်း)ရှေ့တွင်  ယာဉ်မောင်း ကိုစိုးမိုး မောင်းနှင် လာသော AA- 6670 နံပါတ် တိုယိုရိုတာ Fielder ယာဉ်ကို အမျိုးသားတစ်ဦးမှတားသဖြင့်  ယာဉ်မောင်းမှ  ရပ်ပေးရန်ပြုစဉ်  ကားမရပ်ခင် ဘီးလိမ့်နေစဉ်မှာပင် ကားတားသူမှ  ကားနောက်ခန်းအား  ဆွဲဖွင့်ဝင်ထိုင်ပြီး   ယာဉ်မောင်းအား  နောက်ဖက်မှ  လည်ပင်းညှစ်ကာ  အဆက်မပြတ်  လက်သီးဖြင့်ထိုးသဖြင့်  ယာဉ်မောင်းမှာ   ကားတံခါးဖွင့်  အတင်းပြေးဆင်းခဲ့ရသည် ဆို၏။

ယာဉ်မောင်းဆင်းသွားပြီးနောက်  ကားနောက်ဖက်ခန်းရှိ   ကားတားသူမှာ  ကားရှေ့ခန်းသို့ ကျော်ဝင်၍  အင်းလျားလမ်းအတိုင်း  တောင်မှမြောက်သို့   မောင်းနှင်ကာ  ကားအားလုယူထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့  မောင်းနှင်ထွက်ပြေးစဉ်  ရှေ့ကားများအား  ကျော်တက်ရန်  လမ်းပြောင်းပြန်ဘက်ပါ ခွမောင်းသွားသဖြင့်  မျက်နှာချင်းဆိုင်ကားများ နှင့်  ဘေးချင်းကပ် ကားများကို  ပွတ်တိုက်ကာ  ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ပြီး အင်းလျားလမ်း နှင့်တက္ကသိုလ်ရိပ်သာလမ်းထောင့်  မီးပွိုင့်အနီးသို့အရောက်  တာဝန်ကျ  ယာဉ်ထိန်းရဲမှ  ယာဉ်တိုက်မှုအား  စစ်ဆေးရန်  ရောက်လာစဉ်  အဆိုပါ  ယာဉ်ထိန်းရဲအား  ကားတွင်းမှလှမ်း၍ အဆက်မပြတ်  လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါသည်။ ကမာရွတ်  ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ  တာဝန်မှူး  ဒုရဲအုပ် စိုင်းထွန်းလင်းနိုင် နှင့်အဖွဲ့မှ  စကားပြောစက်မှ  သတင်းပို့ချက်ဖြစ်စဉ်များကြောင့်  ၅ မိနစ်အတွင်း  အခင်းဖြစ်နေရာသို့ ရောက်ရှိ ကာ  အနီးရှိ  ပြည်သူများ နှင့်  ယာဉ်ထိန်းရဲတို့  ပူးပေါင်းပြီး ကားလုယက်သအားဖမ်းဆီးခဲ့ပါသည်။  ကားလုခံရသူ တက္ကစီ ယာဉ်မောင်းမှလည်း ကားပိုင်ရှင်နှင့်အတူ  ရောက်ရှိလာပါသည်။

ယာဉ်မောင်း၏  လက်သီးများအဆက်မပြတ်ထိုးမှုကြောင့်  တက္ကစီမောင်းသူ ပွန်းပဲ့ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး   ယာဉ်ထိန်းရဲ၏  ယာဘက်မျက်ခွံကွဲသွားခဲ့ပါသည်။

ကားလုယက်သူမှာ  စိုးပြည့်မွန်၊ ၂၇ နှစ်၊ မ/မရှိ၊ အလတ်ချောင်းကျေးရွာ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းနေသူ ဖြစ်ကြောင်းသိရပြီး  ကားလုယက်မှုအတွက်  ပုဒ်မ ၃၈၂ ဖြင့်လည်းကောင်း၊ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအား  ထိုးကျိတ်မှုဖြင့်  ပုဒ်မ ၃၃၂ ဖြင့်လည်းကောင်း၊ ယာဉ်တိုက်မှုအတွက် ပုဒ်မ ၂၇၉ တို့ဖြင့်  အသီးသီး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

BY THIT HTOO LWIN

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform