စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 20 May 2014

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု အဓိကရုဏ်းတွေ ဖြစ်ပွားနေတာကြောင့် တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ဗီယက်နမ်ကို စေလွှတ်လိုက်တဲ့ တရုတ်သင်္ဘော ၄ စင်း အနက် တစ်စင်း ပြန်လာနေပြီလို့ တရုတ်နိုင်ငံက ပြောပါတယ်။
အဲဒီ သင်္ဘောဟာ ဗီယက်နမ် အလယ်ပိုင်းက တရုတ်လူမျိုးတွေကို သွားရောက် တင်ဆောင်လာတာ ဖြစ်ပါတယ်။
ဗီယက်နမ် အလယ်ပိုင်းဒေသက ဆောက်လက်စ တရုတ်ပိုင် သံမဏိ စက်ရုံတခုမှာ ပြီးခဲ့တဲ့ အပတ်က အဓိကရုဏ်းတွေကြောင့် တရုတ်လူမျိုး ၂ ဦး သေဆုံးသွားပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
၂ နိုင်ငံ အငြင်းပွား ရေပိုင်နက်မှာ တရုတ်တို့က ရေနံတူးစင် ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဗီယက်နမ်မှာ တရုတ် ဆန့်ကျင့်ရေး အကြမ်းဖက်မှုတွေ အကြီးအကျယ် ဖြစ်ပွားလာရာကနေ ရာနဲ့ချီတဲ့ တရုတ်ပိုင် စက်ရုံတွေလည်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗီယက်နက် အစိုးရကတော့ အခုနောက်ပိုင်း ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။
ပုံစာ- တရုတ် လုပ်သားတွေကို ပြန်လည် တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီး Vung Ang ဆိပ်ကမ်းမှ ခွာစဉ်။
BBC

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform