စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 21 May 2014

မြန်မာ၃၈ဦးအား ကာရာအိုကေ ဆိုင်ဟောင်းတွင် ဖမ်းမိ

၂၀၁၄ မေလ ၁၇

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်တစ်နေရာတွင် ရှိသော  ကာရာအိုကေဆိုင်ဟောင်းထဲတွင် လူကုန်ကူးသူများသိုဝှက်  ထားသည့် မြန်မာ ၃၈ဦးအားထိုင်းလ၀ကအမှတ်(၅)မှ    ချောင်   တခင်ဝင်ရောက် ဖမ်းဆီး လိုက်ကြောင်း  ထိုင်းရပ်သတင်းတွင် ဖေါ်ပြထားသည်။

         လူကုန်ကူးသူများ၏ အခြေအနေအား ရပ်ကွက်ထဲမှ တာဝန်ရှိသူများတိုင်တန်းချက်အရယနေ့ နံနက် ၈း၃၀ တွင် ချင်းလိုင်းခရိုင်မယ်ဆိုင်မြို့   ဘက်မှ  ချင်းမိုင် ဘက်သို့ တိုယိုတာ ဖေါ်ကျွန်နိုး တခါး (၄) ပေါက်ကားဖြင့်တင်ဆောင်လာပြီး ကာလာအိုကေ ဆိုင်တစ်ဆိုင်တွင် လာရောက်ထားစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

          ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမားများအား စစ်ဆေးရာ အမျိုးသား၂၅ဦး၊ အမျိုးသမီး၁၁ဦးနှင့် ကလေးငယ်တစ်ဦး တို့ဖြစ်ကြသည်။ တစ်ဦးလျှင် ဘတ်ငွေ သုံးသောင်းမှ ငါးသောင်းအထိ ပေးချေခဲ့ရကြောင်း အလုပ်သမားများက ထွက်ဆိုကြသည်။  
  တိုက်အမှတ် ၂၅၇/၂၂၄ တိုက် ပိုင်ရှင် နိင်ဘွန်လို့ ချာဝနီ ချာကွန်း အသက် ၅၁ နှစ်အား ထိုင်းနိုင်ငံ အတွင်းဝင်ရောက် လာသော အထောက်အထားမပြည့်စုံသည့် နိုင်ငံခြားသား များအား လက်ခံထားမှုဖြင့် တရားစွဲဆိုထားပြီး ဖမ်းမိသည့် မြန်မာအလုပ်သမားများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်   ကြောင်း ရေးသားဖေါ်ပြထားသည်။

ကိုတီး(ဘာသာပြန်)
Golden Worker


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform