ယာဘက်ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ဝင်ရောက်တိုက်မိ
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေး တိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ်(၂၅၇/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့သည်။ ထိုသို့စစ်ဆေးရာ မန္တလေးမှနေပြည်တော် သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ၂၉ လမ်း (၆၁_၆၂)လမ်းနေ တင်ဝင်း (၄၅)နှစ် မောင်းနှင် လာသော 9F/____ ကာရီးနားအဖြူရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ကာ လမ်းလယ် ကျွန်းတွင် ကာရံထားသော ဘာရီယာတုံးများ အားဝင်ရောက်တိုက်မိကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါ မချမ်းလဲ့ဝင်း(၁၅)နှစ်တွင် ယာပါးပွန်းပဲ့၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ နောက်ကျောအောင့် ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဦးခေါင်းပိုင်းတွန့်ကြေ၊ ရှေ့ယာဘက်တံခါးတွန့်၊ တန်ဘိုး ငွေကျပ် (၂၅)သိန်း ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ တင်ဝင်းအား ပေပင်လေး အမြန်လမ်း ရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေး ယူထား ကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment