စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 16 April 2014

တောင်ကိုရီးယား အနောက်တောင် ကမ်းရိုးတန်းမှာ လူ ၄၇၀ ဦး တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော နစ်မြှုပ်

16 April 2014
တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူအယောက် ၄၇၀ ကျော်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော ၁ စီး ဧပြီ ၁၆ ရက် ဒီနေ့မှာ  နစ်မြှုပ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

သင်္ဘောပေါ်မှာပါသူ အများအပြားဟာ ကျောင်းရဲ့လေ့လာရေး ခရီးစဉ်နဲ့ သွားတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။

အန်ဆန်ဒန်ဝမ် အထက်တန်းကျောင်းသား ၃၂၅ ယောက်အပါအ၀င် ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက်ဟာ အင်ချုံကနေ ဂျဲဂျုကို သွားရင်း ခုလိုဖြစ်တာလို့ လုံခြုံရေးနဲ့ ပြည်သူ့စီမံရေး ဒုဝန်ကြီးနဲ့ အရေးပေါ်ဗဟိုဌာနချုပ် ခေါင်းဆောင် လီဂယောင်အုတ်က ပြောပါတယ်။

ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ၁၈ စီး မီးသတ်တပ်ဖွဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေအပါအ၀င် ကမ်းရိုးတန်းစောင့်တပ်က သင်္ဘော ၃၄ စီးနဲ့ ရေတပ်က ၂၅ စီး ပူးတွဲဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မတော်တဆမှုကြောင့် နစ်မြှုပ်သင်္ဘောက အမှုထမ်းတယောက် သေဆုံးတယ်လို့  အတည်ပြုထားပါတယ်။

တောင်ကိုရီးယား သတင်းဌာန ယုံဟပ်ကတော့ အရေးပေါ်ဌာနချုပ်က အရာရှိ တယောက်ကို ကိုးကားပြီး လူ ၁၆၁ ယောက်ကို ကယ်ဆယ်ပြီးပြီလို့ အစီရင်ခံပါတယ်။

ကယ်ဆယ်ရရှိသူတွေကို အနားက ဆေးရုံတွေဆီ တင်ပို့ထားပြီး ကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ကားတွေနဲ့ ကုန်ကားတွေကိုပါ တင်ဆောင်ထားတဲ့ နစ်မြုပ်သင်္ဘောဟာ လူအယောက် ၉၀၀ ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။

မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နစ်မြုပ်တဲ့ ပတ်ဝန်းကျင်မှာတော့ မြူတွေ သိပ်သိပ်သည်းသည်း တညလုံး ကျနေလို့ ကျွန်းကို ကူးတဲ့ ခရီးသည်တင် ၀န်ဆောင်မှုအများအပြားကို ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက အသင့်အတင့်ရှိနေတယ်လို့ သတင်းဌာနတွေက အစီရင်ခံပါတယ်။

By ဒီဗွီဘီ
ဓာတ်ပုံ – ရိုက်တာ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform