ခွေးရူးရောဂါပိုး ကြွ၍ ပြန့်ပွားမှု နှုန်းမြင့်သည့် ပူပြင်းသည့် ရာသီအတွင်း ထားဝယ်၌ ခွေးကိုက်ခံရမှု များပြားနေ
(ရန်ကုန်၊ ဧပြီ ၈ )
ခွေးရူးရောဂါပိုး ကြွကာ ပြန့်ပွား နှုန်းပိုမြင့်သည့် ပူပြင်းသည့် ရာသီဥတု
တွင် ခွေးကိုက်ခံရ မှုလည်း ပိုများပြားလာ ကြောင်း ထားဝယ်မြို့တွင် ခွေးရူး
ကာကွယ် ဆေး ထိုးပေးနေသည့် ပုဂ္ဂလိက ပရဟိတ ဆေးခန်းမှ ဒေါက်တာ သန်းဝင်းက ပြော
သည်။
၎င်းဆေးခန်း ရှိရာ ထားဝယ် မြို့၌ ပြီးခဲ့သည့် ၄၅ ရက်အတွင်း ခွေးကိုက်ခံ ရ၍
ခွေးရူးရောဂါ ကာကွယ်ဆေးလာ ရောက် ထိုးနှံသူမှာ ၁၅ဝ မှ ၂ဝဝ အထိ ရှိသွား
ပြီဖြစ်ကြောင်း ၄င်းကဆိုသည်။
”ခွေးကိုက် တာက ရက်ရက်စက် စက် ကိုက်တာ။ ရွာတစ်ရွာ ထဲမှာ ကိုက် သွားတာ
ဆွံ့အနား မကြား ၅၅ နှစ် အရွယ် အမျိုးသမီးကြီးရဲ့ ဘယ်ဘက် နားရွက် ကိုက်သွား
တာ နားမှာ ပန်ထား တဲ့ နားကပ်ရော ကိုက်သွားတယ်။ မျက် နှာရော၊ နောက်ကျောရော၊
လက်ဖျံတွေ လည်း ကိုက်သွားတာ။ မြင်မကောင်း ဘူး” ဟု ၄င်း ကပြောသည်။
ထားဝယ်မြို့ရှိ ၄င်း၏ ဆေးခန်း သို့ လာရောက်၍ ကာကွယ်ဆေးထိုးကြ သူများတွင်
ခွေးရူးရောဂါ ခံစားရသူ မရှိ သော်လည်း ၄င်းတို့ အိမ် အနီးအနား ၌ ခွေးရူးရော
ဂါကြောင့် သေဆုံး သူများ ရှိ သည့်အတွက်ခွေးကိုက် ခံရပြီးပြီးချင်း လာ
ရောက်ဆေးထိုးကြ သူများ ဖြစ်ကြောင်း ၄င်း ကပြောသည်။
”တချို့ ဆိုလည်း ဆေးခန်းမလာ တော့ဘူး။ ဒီရောဂါ ဖြစ်ပြီ ဆိုရင် သေမယ် ဆိုတာ
သိတော့ တစ်ခါတည်း ကြိုး တုပ်ထား လိုက်ကြတယ်” ဟု ၄င်း၏ အတွေ့အကြုံ ကို
ပြောပြသည်။
ခွေးရူးကိုက် ခံရပါက ခေါင်း၊ မျက် နှာ၊ လည်ပင်း၊ ပခုံးစသည့် နေရာများ တွင်
အကိုက်ခံ ရပါက ရက်အနည်း ငယ်အတွင်း ဦးနှောက် သို့ရောက်ရှိပြီး
ရူးသွားနိုင်ကြောင်း သိရ သည်။ ယင်း ကြောင့် အရေးပေါ် ကာကွယ်ရေးရည်ကို
ပါထိုးရန် လိုအပ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာနက ခွေးကိုက်ခံရ သူများကို အခမဲ့
ခွေးရူးရောဂါ ကာကွယ်ဆေးများ ထိုးပေးနေသော် လည်း ခွေးကိုက် ဒဏ်ရာ ပတ်လည်
ထိုးရ သည့် ဆေးမှာဈေးနှုန်း မြင့်မားမှုကြောင့် ရောဂါပိုး မပြန့်ပွားစေ သည့်
အရေးပေါ် ကာကွယ်ဆေး ကိုတော့ နယ် ဆေးရုံများတွင် ထိုးပေးနိုင်ခြင်း
မရှိသေးကြောင်း သိရသည်။
ယခုလို ခွေးရူးရောဂါပိုး များ ပျံ့နှံ့ လွယ်သည့် အချိန်တွင် ခွေးကိုက်
မခံရအောင် မည်သို့နေထိုင် ရမည်နှင့် ခွေးကိုက် ခံရပါက မည်သို့ ဆောင်ရွက် ရ
မည် ကို ဖော် ပြပေး လိုက်ပါသည်။
ခွေးကိုက်မခံရအောင် ဘယ်လို နေမလဲ။
- ခွေး အစာစားချိန်၊ အိပ်နေချိန်၊ ခွေး ကလေးများရှိသည့် ခွေးမကြီးများအား
မနှောင့်ယှက်ပါနှင့်။ တုတ်၊ ခဲလုံးတို့ဖြင့် ခြောက်လှန့်ခြင်း မပြုရ။
ခွေးများ ကြောက်လန့်ပြီး ကိုက်တတ်သည်။
- ခွေးကို စူးစိုက်မကြည့်ပါနှင့်။
- ခွေးကိုတွေ့ပြီး နောက်ပြန်လှည့်မပြေး ပါနှင့်။ ခွေးလိုက်ကိုက်တတ်သည်။
- ခွေးအနား သို့မဟုတ် ကြိုးချည်ထား သော ခွေးအနားသို့ ဖြတ်မလျှောက်ပါ နှင့်။ ကွေ့ရှောင်သွားပါ။
- ခွေးအနားမှ ဖြတ်မပြေးပါနှင့်။
- ပုံမှန် မဟုတ်သည့် ခွေးအနားသို့ လာ လျှင် မြေကြီးကိုသာ စိုက်ကြည့်ပါ။ ပြီး နောက်ဖြည်းညင်းစွာ ဆုတ်ပါ။ ထွက် မပြေးပါနှင့်။
- ခွေးကလေးများအနား မသွားပါနှင့်။ ခွေးမကြီးကိုက်တတ်သည်။
- အကယ်၍ ခွေးရန်မူ လာပါက မျက်နှာ ကို လက်ဖြင့် ဖုံးအုပ်လျက် ကျောက်တုံး များကဲ့သို့ မလှုပ်မရှားနေပါ။
-အကယ်၍ ခွေးအနားကပ် လာပါက ငြိမ်သက်စွာ ရပ်နေပြီး၊ လက်နှစ်ဖက် ဘေးတွင်
ကပ်ထားပါ။ လက်၊ ခြေ ထောက်များကို ခွေးလာပြီး နမ်းရှုပ်ပါက ငြိမ်နေ ပါ။
ခွေးပြန်လှည့် ထွက်သွားမည်။
ခွေးကိုက်ခံရပါက
- နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံး သွား ရောက်ကုသရန်။
- ခွေးတံတွေးတွင် ခွေးရူးပိုးများ ပါလာ နိုင်ခြင်းကြောင့် ဒဏ်ရာကို ရေများများ နှင့် ဆေးကြောပါ။
- ဆပ်ပြာ အသုံးပြုပြီးလည်း ဆေးကြော နိုင်သည်။
- ရေဆေးပြီးနောက် တင်ချာ အိုင်အိုဒင်း ဖြင့် ထပ်မံပြီး သန့်စင်နိုင်ပါသည်။
- ခွေးကိုက် ဒဏ်ရာကို အလျင်စလို မချုပ်ပါနှင့်။
- ချုပ်ရန် လိုအပ်ပါက Immunoglobulin ထိုးရန် လိုမလိုကို ဦးစွာ စစ်ဆေးရပါ
မည်။ Immunoglobulin ထိုးရန် လို အပ်ပါက ဦးစွာထိုးပြီး နာရီ အနည်းငယ်
ကြာမှ သာ ချုပ်သင့်သည်။
မြတ်ဆုငြိမ်း
Popular Myanmar News Journal

0 comments:
Post a Comment