တရုတ်နိုင်ငံ က အသုဘ အခမ်းအနား တွေမှာ အုပ်စု လိုက် ငိုချင်းချ နေတဲ့
သူတွေကို မကြာခဏ မြင် တွေ့ ဖူး ပါလိမ့်မယ်။ တရုတ် နိုင်ငံသားတွေဟာ
သေဆုံးတဲ့သူ ကောင်းရာ မွန်ရာရောက်စေဖို့ ရည်ရွယ်ချက် အ ပြင် သေဆုံးသူကို
အမြဲတမ်း သတိတရ ရှိကြောင်း ပြသလိုတာမို့ အသုဘ အခမ်းအနား တွေမှာ
ငိုချင်းချမှုကို ရှေးနှစ်ပေါင်းများစွာကတည်း က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ
အငှားအငိုဝန်ဆောင်မှုလုပ်ငန်းဟာ တရုတ် နိုင်ငံမှာ ကျယ်ပြန့်လာတယ်လို့ သိရပါ
တယ်။ တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ဖူဂျီအန် အရပ်ဒေသမှာ အသက်
(၃၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ အငှားအငိုဝန်ဆောင် မှုလုပ်ငန်းကို
ဦးစီးပြီး လုပ်ကိုင်လျက်ရှိပါ တယ်။ ဒီအမျိုးသမီးရဲ့ အမည်က ချန်ဖြစ်ပြီး၊
အသုဘအခမ်းအနားတွေမှာ တစ်ခါငိုကြွေး တိုင်း ဒေါ်လာ (၃၀၀) ရလေ့ရှိပါတယ်။
ချန်ဟာ
စုစုပေါင်းခုနစ်ဦးနဲ့ ငိုချင်းချ အဖွဲ့ ကို ဖွဲ့ စည်းထားတာဖြစ်ပြီး၊
ရရှိလာတဲ့ ငွေကြေးတွေကို ခွဲဝေ ရ ယူလေ့ရှိပါတယ်။ သေဆုံးသွားသူရဲ့
မိဘဆွေမျိုးတွေရှေ့မှာ ငိုကြွေးရတဲ့ အလုပ် ဟာ မလွယ်ကူပါဘူး။ ဒါပေ မဲ့
ချန်ဟာ အလုပ်တစ်ခုလို သဘောထား ပြီး ဟန်ပါပါနဲ့ ငိုကြွေးမှုတွေကို
ပြုလုပ်ရင်း သေဆုံးသူရဲ့ မိသားစုစိတ် ကျေနပ်မှုရအောင် အကောင်းဆုံး
ဝန်ဆောင်ပေးလေ့ရှိပါတယ်။
ချန်က ““အသုဘရှင် တွေဟာ အငှားအငိုဝန်
ဆောင်မှုလုပ်ငန်းလုပ်တဲ့ လူတွေထဲမှာ အမျိုးသားထက် ငယ်ရွယ်တဲ့ အမျိုးသမီးတွေ
ကိုသာ ဦးစားပေးရွေးချယ် လေ့ ရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
အမျိုးသမီးတွေက ဆူညံစွာ ငိုကြွေး တတ်လို့ ဖြစ်ပါတယ်။
အခေါင်းရှေ့
မှာ ငိုကြွေးရတဲ့ အလုပ် က မလွယ် ပါဘူး။ ကျွန်မ ကတော့ အသုဘရှင်တွေ အတွက်
အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ ပါတယ်။ ကျွန်မရဲ့ အလုပ်ကို ချစ်မြတ်နိုးပါ
တယ်။ အသုဘ အခမ်း အနားကို တက်ရောက် လာသူရဲ့ ရှေ့မှာ အကောင်းဆုံးဖျော်ဖြေပေး
ရတာကို ကျေနပ်မိပါတယ် လို့ ပြောသွားခဲ့ ပါတယ်။
The Messenger
0 comments:
Post a Comment