စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 23 April 2014

သင့်အိမ်မှာ အသီးမှည့်များရှိနေပါသလား? အပူဒဏ်ကြောင့် ကြွေကျတတ်သည် သတိထား

သင့်အိမ်မှာ အသီးမှည့်များရှိနေပါသလား?
အပူဒဏ်ကြောင့် ကြွေကျတတ်သည် သတိထား
=======================
•၂၀၀၉ ခုနှစ်က တောင်တွင့း်ကြီးမြို့နှင့်မြန်မာ
တနိုင်ငံလုံးမှမြို့၊ရွာများတွင်နေ့အပူချိန်စံချိန်တင်
မြင့်တက်ခဲ့ရာလူသေဆုံးမှုနှုန်းလည်းမြင့်တတ်
ခဲ့သည်။
•တောင်တွင်းကြီးမြို့ပေါ် ၁၀ ရပ်ကွက်တွင်
ယခင်ကတလလျှင်လူသေဆုံးမှု ၃၀ ဦးခန့်သာ
ရှိခဲ့ရာမှတလအတွင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး
သေဆုံးမှုနှုန်း ၃ ဆမြင့်တက်သွားခဲ့သည်။
•အများစုမှာအပူဒဏ်ကြောင့်မူလခံစားနေရသည့်
ရောဂါများအခြေအနေပိုမိုဆိုးဝါးလာပြီးသေဆုံးကြ
ခြင်းဖြစ်သည်။
•သေဆုံးကြသူအများစုမှာ
၁။သက်ကြီးရွယ်အိုများ
၂။ကလေးသူငယ်များ
၃။နာတာရှည်ရောဂါခံစားနေကြရသူများ
၎။နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ
ရှိသူများ
၅။အရက်သေစာသောက်စားတတ်သူများ၊
၆။နေပူပူတွင်တနေကုန်အလုပ်လုပ်နေကြရသူ
များတို့အများဆုံးသေဆုံးကြတာကိုတွေ့ရ
ပါတယ်။
•သစ်ပင်တပင်မှာအသီးစိမ်းနဲ့အသီးမှည့်များ
ယှဉ်တွဲရှိနေတယ်ဆိုပါစို့။
လေပြင်းတိုက်ခတ်လာတဲ့အချိန်မှာအသီးမှည့်
တွေကအရင်ကြွေကျတတ်ပါတယ်။အသီးစိမ်း
တွေကလေသိပ်ပြင်းထန်မှသာကြွေကျတတ်ပါ
တယ်။ဒီသဘောအတိုင်းပါပဲ။အပူချိန်မြင့်တက်
လာတဲ့အချိန်မှာအထက်ကလူ ၆ မျိုးဟာအသီး
မှည့်တွေနဲ့တူပါတယ်။အန္တရာယ်ရှိပါတယ်။
•ဒါ့ကြောင့်မိမိတို့မိသားစုအတွင်းမှာကျွန်တော်
ပြောခဲ့တဲ့အသီးမှည့်တွေရှိနေခဲ့မယ်ဆိုရင်ကျန်
တဲ့မိသားစုဝင်တွေအနေနဲ့သူတို့ကိုအထူးဂရုစိုက်
ပြီးစောင့်ရှောက်ပေးကြဖို့အလေးအနက်တိုက်
တွန်းအပ်ပါတယ်။

ဒေါက်တာကျော်ဆွေ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform