မဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်လုယက်သူကို ဖမ်းဆီးရမိ
Tuesday, April 15, 2014
၁၅.၄.၂၀၁၄ ရက်နေ့ ၁၄၄၅ အချိန်တွင် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်းရှိ Alpine ရေကစားမဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်လုယက်မှု ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ သန်လျင်မြို့နယ်နေ မနွယ်နွယ်ဟန်သည် အဆိုပါရေကစား မဏ္ဍပ်ရှေ့၌ရေကစားနေစဉ် အနီးရှိအမျိုးသားတစ်ဦးမှ ၎င်း၏လည်ပင်းတွင် ဆွဲထားသော အလေးချိန်(၈)ပဲ(၂)ရွေးခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုး
(၃၅၀၀၀၀)ကျပ်ခန့်အား ဆောင့်ဆွဲကာဖြတ်ယူထွက်ပြေးသဖြင့် အော်ဟစ် အကူအညီတောင်ခံခဲ့ရာ မဏ္ဍပ်ရှိလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်လှိုင်မြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ဆွဲကြိုး လုယက်သူအမျိုးသားကို လိုက်လံဖမ်းဆီး ရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရှာဖွေရာ ကိုကိုလွင်၊ (၂၄)နှစ်၊ (ဘ)ဦးသိန်းမြင့်၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ် နေသူဖြစ်ပြီး ၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီနောက် ယာဘက်အိတ်ကပ်အတွင်းမှ ၎င်းဖြတ်ယူ ထွက်ပြေး
သည့် ရွှေဆွဲကြိုးအပြတ်အား ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။
ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ ကိုကိုလွင်အား လှိုင်မြို့မရဲစခန်း(ပ)၁၉၇/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment