စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 15 April 2014

ပျားကောင်ရေ ငါးသိန်းကျော် ကိုယ်မှာ ဖုံးလွှမ်းပြပြီး ကမ္ဘာ့စံချိန်သစ်ထပ်တင်ဖို့ ကြိုးစား

တရုတ်နိုင်ငံက ပျားမွေးသူတစ်ဦးဟာ ပျားကောင်ရေ တစ်သန်းဝက်နီးပါးကို  ကိုယ်မှာဖုံးလွှမ်းပြပြီး ကမ္ဘာ့စံချိန်သစ်  ထပ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

ရှီပင်း ဆိုသူဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း ပျားကောင်ရေ လေးသိန်းခြောက်သောင်းကို ခန္ဓာကိုယ်အပြည့် ဖုံးလွှမ်းပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူပါ။ ဒီတစ်ခါမှာတော့ သူတင်ထားတဲ့ကမ္ဘာ့စံချိန်ကို ထပ်ချိုးဖို့ အတွက် ပျားကောင်ရေ ငါးသိန်းကျော် အသုံးပြုခဲ့ပါတယ်။

ဇနီးသည်နဲ့ ပျားမွေးသမားအဖော်ငါးယောက်ရဲ့ အကူအညီနဲ့ ခေါင်းကနေ ခြေထောက်အထိ ပျားတွေဖုံးလွှမ်းသွားဖို့ အတွက် မိနစ် ၄၀ ကျော်အချိန်ယူခဲ့ရပါတယ်။

“ အသက် ၂၂ နှစ်မှာ အပျော်ဆိုပြီး ဒီဟာကို အစမ်းစလုပ်ခဲ့တာပါ။ နောက်တော့ ကျွန်တော် တကယ့်ပျားရည် အစစ်တွေရောင်းမှန်း လူတွေ ယုံကြည်အောင်လို့ ပျားတွေကို ကိုယ်အပြည့်ဖုံးလွှမ်းပြခဲ့တာပါ” လို့ Chongqing ညနေခင်းသတင်းစာကို ရှီပင်းက ပြောပြခဲ့ပါတယ်။




“ နောက်ဆုံးတစ်ခါစံချိန်တင်တုန်းက ကျွန်တော့်ကိုယ်မှာ စုစုပေါင်း ပျားအုံ ၁၅ အုံစာ ဖုံးလွှမ်းပြခဲ့တယ်။ ဒီတစ်ခါတော့ ပျားအုံ ၂၈ အုံနဲ့ ကျွန်တော့်စံချိန် ကျွန်တော်ပြန်ချိုးပြမှာပါ” လို့ ရှီပင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပါတယ်။



Ref: Mirror.co.uk
Treand Myanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform