ဂျူဘာ၊ ဧပြီ ၂၀
ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ
ဖြစ်ပွားလျက် ရှိသော တောင်ဆူဒန်နိုင်ငံ တွင် မြောက်ပိုင်း ဒေသ ၌ နွားအုပ်
လုကြသော ထိပ်တိုက်ရန်ပွဲများ ယခင်ကလည်း မကြာခဏ ဖြစ်ပွါးခဲ့ရာ ယခုနောက်ဆုံး
ဖြစ်ခဲ့သော ရန်ပွဲကြီးတွင် စုစုပေါင်း လူ ၂၈ ဦး သေဆုံး ခဲ့ရကြောင်း အစိုးရ
ထုတ်ပြန်ချက်ကို ကိုးကားလျက် BBC က ရေးသားဖော်ပြထားသည်။
တိုက်ခိုက်သူ
အင်အားက ၈၀ ခန့် ရှိပြီး ရဲနှင့် စစ်သားများလည်း သေဆုံးသွားသူများတွင်
ပါဝင်ကြောင်း တောင်ဆူဒန် ပြန်ကြားရေးဝန်ကြီး ဘိုဒါလ်က ပြောကြားသည်။
ကျွဲနွားလုပွဲများသည်
လူမျိုးစုများ အချင်းချင်း တိုက်ခိုက်ကြခြင်း ဖြစ်ပြီး တောင်ဆူဒန်
လွတ်လပ်ရေးရသည့် ပြီးခဲ့သည့်နှစ်များ ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ
ယခုဆိုလျှင် ယင်းရန်ပွဲ များကြောင့် သေဆုံးသူပေါင်း ထောင်ကျော်ပြီ ဖြစ်သည်။
တောင်ဆူဒန်နိုင်ငံတွင်
ကျွဲနွားများသည် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သတင်းကို ပြဆိုခြင်းဖြစ်ကာ
လူတစ်ဦး၏ ကြွယ်ဝမှုကို ၎င်းပိုင်ဆိုင်သော ကျွဲနွား ကောင်ရေဖြင့် တိုင်းတာလေ့
ရှိသည်။
အရပ်သားများ လက်ထဲတွင်လည်း လက်နက်များ ရှိနေပြီး
ယောက်ျားပျိုများသည် ဇနီးတင်တောင်းရန်အတွက် ကျွဲနွားလိုသည်ဖြစ်ရာ
ယင်းရန်ပွဲများ မကြာခဏ ဖြစ်တတ်ကြောင်း သတင်းထောက်များက ပြောကြားသည်။
တောင်ဆူဒန်
နိုင်ငံသည် ပြည်တွင်းစစ်လည်း ဖြစ်လျက်ရှိရာ ယခုနောက်ဆုံး ဖြစ်ပွားသည့်
ကျွဲနွား တိုက်ပွဲသည် ယင်းပြည်တွင်းစစ်နှင့် ဆက်စပ်ခြင်းရှိ မရှိကို
ရှင်းလင်းစွာ မသိရသေးပေ။
တောင်ဆူဒန်တွင် ဖြစ်ပွားသော ပဋိပက္ခများကြောင့် လူတစ်သန်းကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးရပြီး ဖြစ်သည်။
ပြီးခဲ့သည့်နှစ်
ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော သမ္မတ ဆယ်ဗာကီရာကို ထောက်ခံသော တပ်များနှင့်
ဒုတိယ သမ္မတ ရစ်ခ်မာချာကို ထောက်ခံသောတပ်များ တိုက်ပွဲဖြစ်ရာမှ ပြည်တွင်းစစ်
ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
တောင်ဆူဒန်သည် ကမ္ဘာ့အဆင်းရဲဆုံး
နေရာတစ်ခုဖြစ်ပြီး လမ်း၊ ရထားလမ်း၊ ကျောင်းနှင့် ဆေးခန်းလည်း အလွန်ချို့တဲ့
နည်းပါးသည့်နိုင်ငံ ဖြစ်သည်။
မြောက်ဆူဒန်မှ ခွဲထွက်လာသော တောင်ဆူဒန်သည် ကမ္ဘာ့အသစ်ဆုံး နိုင်ငံအဖြစ် စာရင်းဝင်လျက်ရှိပြီး တည်ငြိမ်မှုရရန် ရုန်းကန်နေရသည်။
The Voice Weekly




0 comments:
Post a Comment