စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 18 April 2014

အသင့်စားအာလူးချောင်းကြော်များမီးလောင်ခြင်းမှာ အသုံးပြုသည့် ဆီကြောင့်ဟုဆို

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော Oishi Snack အာလူးချောင်းကြော်ကို မီးရှို့လျှင် မီးတောက်ခြင်းမှာ မုန့်တွင်ပါသော စားအုန်းဆီကြောင့်ဖြစ်ကြောင်း Myanmar Liwayway Food
Industries ကုမ္ပဏီ၏ စက်ရုံဒါရိုက်တာ ဦးအောင်ကြည်စိုးက ပြောသည်။

အာလူးချောင်းကြော်များ မီးတောက်လောင်မှုကို နေပြည်တော်သို့ စစ်ဆေးချက်ပို့ပြီး ယင်းထက်ပို၍ အသေးစိတ်စစ်ဖွဲ့ရန် စီစဉ်ထားကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။
         
‘‘Oishi Snack ကိစ္စ စစ်ဆေးတဲ့ ဆရာမက ရန်ကုန်ရုံးခွဲကပါ။ ခုအစည်းအဝေးတက်နေတယ်။  Oishi ကိစ္စက စစ်ဆေးနေတဲ့အဆင့်သာရှိပါသေးတယ်’’ဟု FDA ရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။
         
လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် Oishi Snack အာလူးချောင်းကြော်တစ်ခုကို မီးရှို့ထားရာ ဖယောင်းတိုင်၌ မီးတောက်လောင်နေသည့်ပုံသဏ္ဌာန် ဖြစ်ပေါ်နေသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့နေခြင်းဖြစ်ပြီး ကျန်းမာရေးအတွက် မသင့်လျော်၍ ရှောင်ရှားရန် သတိပေးစာများပါ ရေးသားထားသည်။
           
‘‘ဒါ သဘာဝပဲလေ။ ဆီကြော်တဲ့ မုန့်မျိုးကတော့ မီးလောင်တာပဲ။ တခြားမုန့်တွေလည်း လောင်တာပဲ။ အာလူးကြော်မှာက ဆီပါနေတာကို’’ဟု ဦးအောင်ကြည်စိုးကပြောသည်။
         
အာလူးချောင်းကြော်၌ ပါဝင်သည့် ကုန်ကြမ်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း (FDA)၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍  စားသုံးသူများမစိုးရိမ်ရန် အထက်ပါပုဂ္ဂိုလ်ကပြောသည်။
         
‘‘အဓိကက ပြန်ကြော်ဆီတွေကြောင့်ဖြစ်တတ်တယ်။ တစ်ခါကြော်ပြီး အငွေ့ထွက်သွားပြီးရင် ပြန်မသုံးရတော့ဘူး။ နောက်ထပ်အစားအစာကို ပြန်ကြော်ဆီသုံးမယ်ဆိုရင် အဲဒီအထဲမှာ ပြန်ကြော်ဆီတွေက စိမ့်ဝင်ပြီး အင်မတန်ဒုက္ခပေးနိုင်တယ်။ အဆီပိတ်၊ အ၀လွန်၊ အစာအိမ်လမ်းကြောင်းနဲ့ပတ်သက်တဲ့ ကင်ဆာတွေအထိပါ ဖြစ်နိုင်တယ်’’ဟု အလုံမြို့နယ်၊ ၀င်းဆေးခန်းမှ ဒေါက်တြာ့မင့်ဦးက သုံးသပ်ပြောကြားသည်။
         
Oishi Snack အာလူးချောင်းကြော်အပြင် အခြား Snack ထုပ်အတွင်းရှိ အာလူးချောင်းကြော်များကို မီးရှို့ကြည့်ရာတွင်လည်း မီးတောက်လောင်သည်ကို စမ်းသပ်တွေ့ရှိရသည်။
         
အသင့်စားအာလူးချောင်းကြော်များတွင် နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ သံလွင်ဆီများကို သုံးရပြီး တိရစ္ဆာန်အဆီများနှင့် စားအုန်းဆီများက ကျန်းမာရေးနှင့်မညီညွတ်ကြောင်း စိတ်ချရသည့် နေကြာဆီ၊ နှမ်းဆီများကိုပင် နောက်တစ်ကြိမ် ပြန်ကြော်ဆီအဖြစ် မသုံးသင့်ကြောင်း ဆရာဝန်အချို့ကအကြံပြုသည်။

Author:
ဇေနွေထွန်း
ယမင်း
7DAY DAILY

အာလူးချောင်းကြော်များအား မီးရှို့ကြည့်စဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform