ဘော့ဆွာနာ နိုင်ငံမှာ ရှိတဲ့ သဘာဝ ဘေးမဲ့တောကြီး ထဲမှာ ကြောင်ကလေး တစ်
ကောင်ဟာ သူ့ထက် အဆ ပေါင်း များစွာ ကြီး တဲ့ ခြင်္သေ့မလေး ကောင် ကို အနိုင်မခံ
အရှုံး မပေး တဲ့ စိတ်ဓာတ် နဲ့ ပြန်လည် တိုက် ခိုက် မှု ပြု လုပ်ခဲ့ တယ် လို့
သိရပါတယ်။
ခြင်္သေ့မလေး ကောင်ဟာ ကြောင် ကလေး ကို ၀န်းရံပြီး
တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ခြင်္သေ့မတစ်ကောင် ဟာ
ကြောင်ကလေးကို စတင်အကဲစမ်းခဲ့တာဖြစ်ပါတယ်။
ဒီနောက် ခြင်္သေ့မလေးကောင်
ဆက်တိုက်ရောက်လာ ပြီး တိုက်ခိုက် မှု တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကြောင်
ကလေးဟာ သူ့ထက် အဆပေါင်း (၃၀) နီးပါးကြီးတဲ့ ခြင်္သေမတွေကို တုန်လှုပ် နေခြင်း
မရှိဘဲ ပြန်လည် တိုက် ခိုက်ခဲ့ပါတယ်။
ခြင်္သေ့မတွေဟာ သူတို့ရဲ့
ကြီးမား လှတဲ့ ခြေ ထောက်တွေ နဲ့ ကြောင်ကလေး ကို ပုတ်ရိုက် မှုပြု
လုပ်ပြီးတဲ့နောက် တုံ့ပြန်တိုက်ခိုက်ခြင်း ခံခဲ့ရတာကြောင့် အံသြခဲ့ကြပါတယ်။
ကြောင် ကလေး ဟာ အကြောက် အရွံ့လုံးဝမရှိဘဲ ခြင်္သေ့မတွေကို ဒေါသတကြီးအသံနဲ့
ခြိမ်း ခြောက်မှုပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ခြင်္သေ့မ တွေဟာ
ကြောင်ကလေးကို ကိုက်ဖြတ်ခဲ့ တာမို့ နောက်ဆုံးမှာ လက်လျော့ အရှုံးပေး
လိုက်ရပါတယ်။ ခြင်္သေ့မတွေဟာ ကြောင် ကလေးကို ကိုက်ဖြတ်ပြီးတဲ့နောက် ပါးစပ်နဲ့
ချီပြီး တစ်နေရာကို သယ်ဆောင်သွားခဲ့ပါ တယ်။ ဒီ အဖြစ် အ ပျက်ကို
ဂျာမနီဓာတ်ပုံဆရာ ကလောဒီယာဟော့ဖ်က ရိုက်ကူးမှုပြုလုပ်ခဲ့ ပြီး ဒေးလီးမေးလ်
သတင်းစာက ပြန်လည် ဖော်ပြခဲ့တာဖြစ်ပါတယ်။
The Messenger
0 comments:
Post a Comment