နေပြည်တော်၊ ဧပြီ ၂၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ နံနက် ၀၀၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊
ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ
သာဂရအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်
စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ပြည်မြို့နယ်၊ မြူကုန်းရွာနေ
အောင်စုလှိုင်(၂၆)နှစ်မောင်းနှင်လာသည့် ၆င/xxxx ရာဇာမင်း
ခရီးသည်တင်မှန်လုံယာဉ်သည် ရှေ့ယာဘက်ယာဉ်ကြောမှ ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ကြည်ဝင်း (၄၁)နှစ် မောင်းနှင်သည့် ၁ဂ/xxxx
ဂျစ်အပြာရောင်ယာဉ်အား ကျော်တက်စဉ် နောက်ပိုင်းအား
ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ဂျစ် ယာဉ်မောင်း ဦးကြည်လွင်တွင်
ဦးခေါင်းယာချိုစောင်းပေါက်ပြဲ၊ ၀ဲခြေသလုံး(၅)လက်မခန့်အရေပြားစုတ်ပြဲ၊
ရင်ဘတ်နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဂျစ်ယာဉ်မှာ
ဘော်ဒီနောက်ပိုင်းဝဲဘက်ခြမ်းကြေမွ၊ နောက်ဘီးကွဲ၊
တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်စုလှိုင်အား သာဂရအမြန်လမ်း ရဲစခန်း
ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
ရဲဇာနည်
0 comments:
Post a Comment