
England နိုင်ငံ Lancashire မှာရှိတဲ့ Singing Ringing Tree က၃မီတာ အမြင့်ရှိတဲ့ လေစွမ်းအင်ကို အသုံးပြု ထားတဲ့ တေးဂီတပိုင်း ဆိုင်ရာ ရုပ်တု တစ်ခု ဖြစ်ပြီး Tonkin-Liu ရဲ့ဒီဇိုင်း လက်ရာပါ။ စတီးချောင်း တွေကို သစ်ပင်ပုံစံ တည်ဆောက် ထားပြီး လေတိုက်တဲ့ အခါ မှော်ဆန်တဲ့ တေးဂီတာကို ဖန်တီး ပေးပါတယ်။ ဒီသစ်ပင်က ပိုက်လုံးတွေရဲ့ အတိုအရှည် ပေါ်မူတည်ပြီး အသံထွက်က ကွာခြားပြီး တချို့နေရာ မှာဆို ပိုက်တွေကို ပိုကျဉ်းမြောင်းအောင် တည်ဆောက် ထားပါတယ်။ အမြင်ဆန်းတဲ့ ဒီဇိုင်း သာမက ဒီပိုက်လုံး တွေက ထွက်တဲ့ အသံကလည်း သာယာ လွန်းတာကြောင့် Lancashire ရဲ့အထင်ကရ အနုပညာ လက်ရာ တစ်ခုပါ။
[source: wiki, image from OMG Facts]
0 comments:
Post a Comment