အမည်းရောင် ခရမ်းချဉ်သီး အနီရောင်ထက် ကျန်းမာရေးအတွက်ကောင်း
ထူးဆန်းသောအမည်းရောင် ခရမ်းချဉ်သီး အနီရောင်ထက် ကျန်းမာရေးအတွက်ကောင်း

ဝါရှင်တန် ဧပြီ ၁၃
ှုIndig Rose ဟုခေါ်သော ထူး ဆန်းသည့် အရောင်အသွေးရှိ ခရမ်း ချဉ်သီး အမျိုးအစားသစ်သည် သာ မန်အနီရောင် ခရမ်းချဉ်သီးများထက် ကျန်းမာရေးကို အထောက်အကူဖြစ် စေနိုင်ကြောင်း အမေရိကန်သိပ္ပံ ပညာရှင်များက ပြောသည်။
အမေရိကန်သိပ္ပံပညာရှင်များက အဆိုပါခရမ်းချဉ်သီးအမျိုးအစားသစ် ကို အမေရိကန်နိုင်ငံ အော်ရီဂွန် တက္ကသိုလ်မှ ပါမောက္ခ ဂျင်မေယာက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ပညာတတ်ကျောင်းသားတစ်ဦး က ခရမ်းချဉ်သီးနှင့်ပတ်သက်ပြီး ကျန်းမာရေးအကျိုးရှိပုံကို လေ့လာ နေရာမှ ၎င်းခရမ်းချဉ်သီး အမျိုး အစားသစ်ကို စိုက်ပျိုးရန် အကြံဉာဏ် ရခဲ့သည်ဟု ဆိုသည်။
သိပ္ပံပညာရှင်များက ခရမ်းနု ရောင်ရှိ ခရမ်းချဉ်သီးအချို့ကို စမ်း သပ်ခဲ့ရာ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေသည့် ဒြပ် ပစ္စည်းများစွာပါဝင်နေကြောင်း စမ်း သပ်တွေ့ရှိထားသည်ဟု ဆိုသည်။ ယင်းခရမ်းနုရောင် ခရမ်းချဉ်သီးများ ကို ခရမ်းချဉ်အရိုင်းသီးအချို့နှင့် မျိုးစပ်လိုက်သောအခါ အမည်းရောင် ခရမ်းချဉ်သီးများ ထွက်ပေါ်လာသည် ဟု ဆိုသည်။
အဆိုပါ ခရမ်းချဉ်သီးသည် မူလ က အားလုံးအစိမ်းရောင်ဖြစ်သည်။ အသီးပေါ် နေရောင်ခြည်ကျရောက် ၍ အနီထက်အနက်ရောင်သို့ ပြောင်း သွားသည်ဟု ဆိုသည်။ ယင်းအမည်း ရောင် ခရမ်းချဉ်သီးသည် သာမန် အနီရောင် ခရမ်းချဉ်သီးများကဲ့သို့ အချိုဓာတ်မပါသော်လည်း စား ကောင်းပြီး အနံ့အရသာရှိသည်ဟု ဆိုသည်။
အမေရိကန်အာဟာရပညာရှင် များက အဆိုပါအမည်းရောင် ခရမ်း ချဉ်သီးများကို ပြည်သူများ ကျန်း မာရေးအတွက် ပိုမိုစားသုံးသင့် ကြောင်း အကြံပြုထားသည်။ ဆီးချို၊ သွေးချိုနှင့် အဝလွန်သူများ ပိုမိုစား သုံးသင့်သည်ဟု ဆိုသည်။
(ပရက်စ်တီဗွီ)

ဝါရှင်တန် ဧပြီ ၁၃
ှုIndig Rose ဟုခေါ်သော ထူး ဆန်းသည့် အရောင်အသွေးရှိ ခရမ်း ချဉ်သီး အမျိုးအစားသစ်သည် သာ မန်အနီရောင် ခရမ်းချဉ်သီးများထက် ကျန်းမာရေးကို အထောက်အကူဖြစ် စေနိုင်ကြောင်း အမေရိကန်သိပ္ပံ ပညာရှင်များက ပြောသည်။
အမေရိကန်သိပ္ပံပညာရှင်များက အဆိုပါခရမ်းချဉ်သီးအမျိုးအစ
ပညာတတ်ကျောင်းသားတစ်ဦး က ခရမ်းချဉ်သီးနှင့်ပတ်သက်ပြီ
သိပ္ပံပညာရှင်များက ခရမ်းနု ရောင်ရှိ ခရမ်းချဉ်သီးအချို့ကို စမ်း သပ်ခဲ့ရာ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေသည့် ဒြပ် ပစ္စည်းများစွာပါဝင်နေကြောင်
အဆိုပါ ခရမ်းချဉ်သီးသည် မူလ က အားလုံးအစိမ်းရောင်ဖြစ်သည်။
အမေရိကန်အာဟာရပညာရှင် များက အဆိုပါအမည်းရောင် ခရမ်း ချဉ်သီးများကို ပြည်သူများ ကျန်း မာရေးအတွက် ပိုမိုစားသုံးသင့် ကြောင်း အကြံပြုထားသည်။ ဆီးချို၊ သွေးချိုနှင့် အဝလွန်သူများ ပိုမိုစား သုံးသင့်သည်ဟု ဆိုသည်။
(ပရက်စ်တီဗွီ)
0 comments:
Post a Comment