စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

ကျောင်းသူတွေကို ဘိုကိုဟာရမ် ဗီဒီယိုမှာ ဖော်ပြ

 နိုင်ဂျီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ၄ ပတ်က ဘိုကိုဟာရမ် အဖွဲ့ကနေ ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကျောင်းသူတွေလို့ ယူဆရတဲ့ ကျောင်းသူတွေထဲက အယောက် ၁၀ဝ ကျော်ကို အဲဒီ စစ်သွေးကြွ အဖွဲ့က ဗီဒီယိုကနေ တဆင့် ထုတ်ဖော် ပြသ လိုက်ပါတယ်။

ကျောင်းသူတွေ အာလုံးဟာ ပုဝါတွေကို ခေါင်းကနေ တစ်ကိုယ်လုံးပြည့် ခြုံထားကြပြီး အပြင်ဘက် မြေကြီး ပေါ်မှာ ထိုင်နေကြကာ ကိုရမ် ကျမ်းရဲ့ ပထမ စာပိုဒ်ကို အလွတ်ရွတ်နေကြတာကို တွေ့ရပါတယ်။

အဲဒီထဲက ကျောင်းသူ ၃ ဦးကတော့ ကင်မရာကို ကြည့်ပြီး စကားပြောခဲ့ကြပါတယ်။

အဲဒီလို ပြောရာမှာ ၂ ဦးက သူတို့ဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ခဲ့ပြီး အခုတော့ အစ္စလာမ် ဘာသာကို ကူးပြောင်းလိုက်တယ်လို့ ပြောပါတယ်။ ကျန်တစ်ဦးကတော့ သူမဟာ မွတ်ဆလင် ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့တတွေ ထိခိုက် အနာတရ မရှိခဲ့ဘူးလို့လည်း ကျောင်းသူတစ်ဦးက ပြောပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ ခေါင်းဆောင် Abubakar Shekau က ဖမ်းဆီးခံထားရတဲ့ သူတို့ အဖွဲ့ဝင်တွေကို လွှတ်ပေးမှသာ ဒီကျောင်းသူတွေကို ပြန်လွှတ် ပေးမယ်လို့ ဗီဒီယိုကနေ တဆင့် ကြေညာ ပြောဆိုသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 ပြန်ပေး ကျောင်းသူတွေလို့ ယူဆရသူတွေကို ဗီဒီယိုမှာ တွေ့ရစဉ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform