စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

မင်္ဂလာဆောင်ပြီးအပြန် သတို့သား ကားမှောက်သေဆုံး

ဝမ်းတွင်းမြို့နယ်အတွင်း၊ ရန်ကုန်-မန္တလေး ကားလမ်းတွင် မေ ၁၁ ရက်နေ့ ညက ကိုယ်ပိုင်ကားတစ်စီး တိမ်းမှောက်ရာ မင်္ဂလာဆောင်အပြီး ပြန်လာသော သတိုးသား သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၁ ည၊ မန္တလေးမြို့နေ ကိုရန်မျိုးအောင် (၂၉ )နှစ်သည် အောင်ပန်းမြို့ မှ မန္တလေးမြို့သို့ TOYOTA ALPHARD ကားအမှတ် ၂ဃ/၁၁၃၀ ကားအား မောင်းနှင်လာစဉ် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာအနီး ရန်-မန်း ကားလမ်း မိုင်တိုင်အမှတ် (၂၃၅/၅) အနီးအရောက်တွင် ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။

ထိုသို့ ကားတိမ်းမှောက်သွားခဲ့ရာ မင်္ဂလာဆောင်ပြီး ပြန်လာသော သတိုးသား ကိဇော်မြင့်မိုး (၃၀)နှစ်မှာ ဒဏ်ရာများရရှိပြီး ၀မ်းတွင်းဆေးရုံသို့ တင်ပို့စဉ် စေဆုံးသွားခဲ့သည်။ သတိုးသမီးဖြစ်သူ မစောပြည့်ငြိမ်း (၂၉ )နှစ်၊ ယာဉ်မောင်း ကိုရန်မျိုးအောင်၊ ကိုကိုနိုင် (၃၅)နှစ်နှင့် ကိုရဲလှိုင်ထွန်း(၃၁)နှစ်တို့မှာ ဒဏ်ရာရရှိထားသဖြင့် ၀မ်းတွင်းဆေးရုံသို့ တင်ပို့ထားရသည်။

ယာဉ်မှောက်မှုတွင် ၀မ်းတွင်းမြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထီလာ)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform