စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 21 August 2014

ချင်းတိုင်းရင်းသားတို့၏ အမှတ်တံဆိပ် အောက်ချင်းငှက်များ ချင်းတောင်ပေါ် တွင် ရှားပါးပျောက်ကွယ်

ချင်းတိုင်းရင်းသားတို့၏ သစ္စာတရားကို အဓိပ္ပာယ်ဖော်ကျူးပြီး ချင်းပြည်နယ် တစ်ပြည်လုံး၏ အမှတ်တံဆိပ် အဖြစ် တန်ဖိုးထားသည့် အောက်ချင်းငှက်များမှာ ယခင်က ချင်းတောင်ပေါ်တွင် နေရာဒေသတိုင်း၌ အလွယ် တကူ တွေ့မြင်နိုင်သော်လည်း ဒေသတွင်းရှိ ငှက်မုဆိုးတို့၏ မဆင်မခြင် သတ်ဖြတ်ဖမ်းဆီး ရောင်းဝယ်မှုကြောင့်ရှားပါးလာကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ယင်းငှက်များမှာ ချင်းပြည်နယ်အတွင်း သစ်တော များပျက်စီးပြုန်း တီး ပျောက်ကွယ်လာမှုနှင့် ဒေသအလိုက် သဘာဝတောကောင် သားကောင်များ၊ သဘာဝသစ်တောများ ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ချင်းတောင်ပေါ်တွင် အောက်ချင်းငှက်နှင့် တကွ ငှက်မျိုးစိတ် အများ အပြား ပျောက်ကွယ်လာနေပြီဖြစ်ကြောင်းယင်းသေခံများ၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ရွာဘက်မှာဆိုရင် လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော် ကာလတုန်းက အောက်ချင်းငှက်တွေ လည်းပေါတယ်၊ ကျားသစ်ပေါက်တွေ၊ တောကြောင်တွေ၊ မျောက်လေပွေတွေ၊ မျောက်လွှဲကျော်တွေ အစုံရှိ တယ်။ အခုတော့ ပြောင်းရွှေ့တောင်ယာတွေကြောင့် သစ်တောတွေ ပျောက်ကွယ်လာနေပြီး ဒေသအလိုက် သေနတ်ကိုင်တောလိုက်မုဆိုးတွေကြောင့် တောကောင်သားကောင်တွေ မရှိသလောက်ရှားပါးလာနေပါ ပြီ” ဟု ဖလမ်းဒေသခံတစ်ဦးက ၎င်းအမြင်ကို ပြောပြသည်။

ချင်းပြည်နယ်၏အမှတ်တံဆိပ် အောက်ချင်းငှက်များကို ယခင်ဆယ် စုနှစ်ဝန်းကျင်ကအထိ ချင်းတောင်နှင့် ကလေးဒေသ သစ်တောဝါးတောများတွင် အနည်းအကျဉ်း တွေ့မြင်ရသေးသော်လည်း ယခုအခါ လုံးဝ နည်းပါး ပျောက်ကွယ်နေပြီး အချိန်မီထိန်းသိမ်း စောင့်ရှောက် ရန် လိုအပ်လျက်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာသူများက ပြောသည်။

ချင်းတောင်ဒေသတွင် ပျောက်ကွယ်လုဖြစ်နေသော တောကောင်သားကောင်များမှာ ဒေါင်းငှက်၊ အောက်ချင်းငှက်၊ မျောက်လွှဲကျော်၊ မျောက်လေပွေတို့ ဖြစ်ကြောင်း ကလေးဒေသ အစိမ်းရောင်လွင်ပြင် အဖွဲ့မှ ဦးဝင်းက ပြောသည်။
“ကလေးနဲ့ ချင်းတောင်ဒေသမှာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်ကာလက ကျားတွေ၊ဆင်တွေအထိရှိတယ်။ မော်လိုက်ယူးချောင်းထဲမှာ တောရိုင်းဆင်တွေ တွေ့နိုင်တယ်။ ကလေးဒေသ ဘုန်းသစ်တော၊ ထန်တောင် တောတွေမှာ လင်းရှူးတို့ ကျားတို့ရှိတယ်။ အခုတော့ အားလုံးပျောက်ကွယ်သွားပြီ” ဟုကလေးဒေသခံ တစ်ဦးက ပြောသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform