စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 8 August 2014

ဇူလိုင်လအတွင်း လူသတ်မှုနှင့် မုဒိမ်းမှုတိုးလာ

ဇူလိုင်လအတွင်းက တနိုင်ငံလုံးမှာ မှုခင်းတွေ များလာသလို လူသတ်မှုနဲ့ မုဒိမ်းမှု တိုးလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက တနိုင်ငံလုံးမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ယာဉ်မတော်တဆမှု စတဲ့ မှုခင်းပေါင်း ၂၂၄၉ မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လမှာတော့ ၂၃၄၇ မှု ဖြစ်ပွားခဲ့တဲ့အတွက် မှုခင်းပေါင်း ၁၀၀ လောက် တိုးလာခဲ့တာပါ။ လူသတ်မှုနဲ့ မုဒိမ်းမှုကတော့ ဇွန်လထက် အမှု ၃၀ လောက်ပိုဖြစ်ခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ မှုခင်းတွေကြောင့် လူဘယ်လောက် သေဆုံး၊ ဒဏ်ရာရတယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

ဒါပေမယ့် ယာဉ်မတော်တဆမှုကြောင့် ဇွန်လအတွင်းမှာ ဒဏ်ရာရသူ ၁၇၃၀ ယောက် နဲ့သေဆုံးသူ ၂၉၈ ယောက် ရှိခဲ့ပါတယ်။

ဇူလိုင်မှာတော့ ဒဏ်ရာရသူ ၁၆၅၇ ယောက်နဲ့ သေဆုံးသူ ၂၆၁ ယောက်ရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61938

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform